Saturday, December 29, 2007

မှတပါး အခြားမရှိ

ဝေဒနာ……………
“ လူ ” ……… “ လူး” ခဲ့ရတဲ့
သန်းငါးဆယ်ကျော် ငါတို့ဘဝ

Ô ဦးနှောက်ပြည့်စုံ ရှိသော်ငြားလည်း
မတွေးနိုင်၊ မခေါ်နိုင်

Ô လက်တွေဆယ်ချောင်း ပြည့်စုံပါလည်း
မရေးနိုင်၊ မလုပ်နိုင်

Ô ဖဝါးခိုင်ခိုင် ချနိုင်သော်လည်း
မသွားနိုင်၊ မလှမ်းနိုင်

Ô နှုတ်ခမ်းလှုပ်ရှား ရွေ့နိုင်ငြားလည်း
မပြောနိုင်၊ မဆိုနိုင်

Ô သဒ္ဒါကြည်လင် ထက်သန်ငြားလည်း
မပေးနိုင်၊ မလှူနိုင်

ဝေဒနာကုထုံး………………….
တွေး၊ခေါ်….. ရေး၊လုပ်
သွား၊ရွေ့…….ပြော၊ ဆို၊ ပေး
လှူနိုင်ဖို့………….ဒို့ပြည်သူတွေ

Ô စည်းလုံးညီညွတ် အားအင်စုလို့
ဒုတ်ဆိုရင်ဒုတ်၊ ဓါးဆိုရင်ဓါး
ရ ရာကိုင်ဆွဲ၊ တိုက်ပွဲဝင်စို့
စစ်အာဏာရူး လူတစုကို
ညက်ညက်ခြေမှုန်း တော်လှန်ရေးမှ
မှတပါး အခြားမရှိ

ကတိတွေပေးထား တာလည်းလွန်နေပြီရှင့် အကို

တာတေတို့ နားထောင်ဘူးခဲ့တဲ့ ဒေါ်မာမာအေး ဆိုခဲ့တဲ့၊ တချိန်က တော်တော်လေးခေတ်စားခဲ့ တဲ့ သီချင်းတပုဒ်
ကိုစဉ်းစားမိရင်းကခေါင်းထဲမှာ အစီအရီပေါ်လာတဲ့အတွေးကိုဆန့်ရင်းကနေပြီးတော့“အင်း ဟုတ်တော့ဟုတ်သ
လိုဘဲလို့”တွေးမိတယ်ခင်ဗျား။ အဲဒါကလည်းပြောရမယ်ဆိုရင်တော့ ထုံးစံအတိုင်း “ပဲခူးဆား”ဖြစ်တဲ့ မပါမပြီးတဲ့
ဗိုလ်နေဝင်း ကနေပြီးတော့ဘဲ စရမှာဘဲခင်ဗျား။တာတေတို့မှတ်မိသလောက်၊ သိသလောက် ၊တော့နောင် အနာ
ဂတ်မျိုးဆက်သစ်တွေ အတွက်တော့ပြောပြရအုံးမယ်ခင်ဗျာ့။

တာတေတို့နိုင်ငံလွတ်လပ်ရေးရ ခဲ့တာ ၁၉၄၈ခုနှစ်က နေပြီး အခုသိပ်မကြာခင် ထိဆိုရင်နှစ်ပေါင်း ၆၀လောက်ရှိ
ပြီခင်ဗျာ့။ပြည်သူတွေရဲ့ အသဲကြားက မဲတပြားနဲ့ ပြည်သူတွေကရွေးချယ် တင်မြှောက်ခဲ့ ပြည်သူ့အစိုးရတနည်း
ပြောရမယ်ဆိုရင်တော့ ပါလီမန် ဒီမိုကရေစီအစိုးရ အုပ်ချုပ်ခဲ့ဖူးဒါကတော့၁၉၄၈ ကနေပြီး၁၉၅၈ ခုနှစ်အထိဆယ်
နှစ်၊နောက်၁၉၆၀ကနေပြီးတော့၁၉၆၂ ခုနှစ်အထိ နှစ်နှစ် စုစုပေါင်း(၁၂)နှစ်ပေါ့၊ ကျန်တဲ့ ၄၈နှစ်လုံးလုံးကတော့၊
အခုအချိန်အထိပေါ့ ၊ရာစုနှစ်ရဲ့ တဝက်နီးပါး ပြည်သူတွေရဲ့ဆန္ဒ၊ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊နိုင်ငံတော်ရဲ့
မြေပေါ်မြေအောက်သယံဇာတတွေ၊ အားလုံးကိုသေနတ်ထောက်ပြီး စစ်ဓားပြတွေ အဓမ္မလုယူ၊သိမ်းပိုက်ခဲ့ဒါအခု
အချိန်အထိဖြစ်တယ်။ စစ်အာဏာရှင်တွေ အဆက်ဆက်က ထုံးစံအတိုင်းပါပဲ ၊တိုင်းပြည်ချောက်ထဲကျတော့မဲ့
လက်တလုံးအလို၊ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်ရေးပြိုကွဲမဲ့အရေး၊ အချုပ်အခြာအာဏာဆုံးရှုံးမဲ့အရေး
တွေအတွက် တိုင်းပြည်ကိုကယ်တင်ခဲ့ပါတယ်ဆိုပြီး ဗိုလ်နေဝင်း၊ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေအားလုံး ခပ်တည်
တည်ပြောပြီး၊ကမ္ဘာကိုရော၊မြန်မာတွေကိုရော “ဖိုးတွမ်တီး”လုပ်ခဲ့တာကြာပါပြီ၊ တနည်းပြောရရင်တော့ရိုက်စား
လုပ်လာဒါကြာပါပြီ၊ နှစ်ငါးဆယ်နီးပါးရှိခဲ့ပြီခင်ဗျာ့။

၁၉၅၈ခုနှစ် မှာ ဗိုလ်နေဝင်းက တပည့်ကျော်သုံးယောက်ကို အဲဒီတုံးကဝန်ကြီးချုပ်ဦးနုဆီကို လွှတ်ပြီးတော့အာ
ဏာလွှဲခိုင်းတယ်ခင်ဗျာ့၊ ပြီးတော့အဲဒီတုံးက ၁၉၄၇ခုနှစ် အခြေခံဥပဒေ ပုဒ်မ၁၁၆ ကိုပြင်ခိုင်းပြီးတော့“အိမ်စောင့်
အစိုးရ”ဆိုပြီးတော့ ခပ်တည်တည်ဝန်ကြီးချုပ်နှစ်နှစ်လုပ်ခဲ့တယ်ခင်ဗျာ့၊ပြောရရင်တော့ ဇတ်လမ်းကအဲဒီကတည်း
ကတာတေတို့ရဲ့ “ရွှေနိုင်ငံကြီးမှသည် သူတောင်းစားခွက်ပျောက်တဲ့နိုင်ငံတော်ကြီးဆီသို့”ဆိုတဲ့ဇတ်လမ်းကစခဲ့
တယ်လို့ဆိုရရင် ဘယ်တကောင်တမြီးမှငြင်းကြမယ်လို့မထင်ပါခင်ဗျား။အဲဒီကထဲကဗမာနိုင်ငံအတွက် “တက်
တက်ပြောင်အောင်မွဲ”ဆိုတဲ့ဇတ်လမ်းတွဲကြီးကိုဗိုလ်နေဝင်း ဒါရိုက်တာလုပ်ပြီးရိုက်ခဲ့ဒါကမ္ဘာကျော်ရုပ်ရှင်တွေထက်
ကြော်ကြားအောင်မြင်ခဲ့တာ အခုအချိန်အထိဘဲပေါ့ခင်ဗျာ။ ဥပမာ ၁၉၆၀လောက်က ဘဲဥတလုံး ဆယ်ပြား(၁၀ါး)
အခုဘဲဥတလုံး၁၅၀ိ(တရာ့ငါးဆယ်ကျပ်)၊ဆန်တပြည် ပြားငါးဆယ် အခုအခုကျပ်တထောင်ကျော်၊လဘက်ရည်
တခွက် ၂၅ါး အခု၂၅၀ကျပ်၊ တိုင်းပြည်အတွက်လို့ဖင်ထောင်ပြီးအော်နေတဲ့စစ်အာဏာရှင်တွေကိုမေးချင်ပါတယ်
တိုင်းပြည်နဲလူမျိုး အတွက်ဘာတွေများလုပ်ပေးခဲ့သလဲဆိုရင်တော့ “မွဲဆေးကြီးဖေါ်ပေးခဲ့တယ်လို့”ဘဲဖြေမှာပါ။
၁၉၆၂ခုနှစ်ကစပြီးဗိုလ်နေဝင်း စစ်ဏာထူထောင်ကထဲက တောင်သူလယ်သမားဦးကြီးများအတွက်ဆိုပြီးတော့
ခပေါင်း၊အုန်းတော၊ဒူးယားစတဲ့ ဆွေနွေးပွဲကြီးတွေကို ကျင်းပပေးခဲ့ပြီး တောင်သူလယ်သမား ဦးကြီးတို့ဘဝတိုး
တက်မြင့်မားရေးအတွက်ဆိုပြီး ခပ်တည်တည်ပြောခဲ့သေးတယ်၊ဒါပေမဲ့ နောက်ဆုံးတော့လည်းတောင်သူလယ်သ
မားဦးကြီးတို့ကိုတာဝန်ကြေစပါးမရောင်းချမှုကြောင့်၎င်း၊ ဆိုရှယ်လစ်စီးပွားရေးကာကွယ်သည့်ဥပဒေတို့နဲ့ကျေး
ဇူးတင်စွာနဲ့ ထောင်ချခဲ့ဒါကလည်း စစ်အာဏာရှင်တို့ရဲ့ကလိမ်ကကျစ်လုပ်ရပ်တခုပါဘဲ၊ ဒီလိုဘဲအပြောတမျိုးအ
လုပ်တမျိုးလုပ်တတ်ဒါကလည်းစစ်အာဏာရှင်တို့ရဲ့ဖေါ်မြူလာတခုပါဘဲ၊ရှင်းရှင်းပြောရရင်တော့လိမ်ဒါပေါ့ခင်ဗျာ။

တာတေတို့နောက်တမျိုးတော့ဖောက်သည်ချချင်သေးတယ်၊ ၁၉၆၃ခုနှစ် ဗိုလ်နေဝင်းက တောတွင်းမှ
ပုဂ္ဂိုလ်များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြသဘောနဲ့ခြောက်လလောက်လုပ်ပြခဲ့ပါသေးတယ်၊အဲဒီအချိန်တုံးက
လည်းပြည်သူလူထုကြီးတရပ် လုံးကပြည်တွင်းငြိမ်းချမ်းရေး အတွက်တက်တက်ကြွကြွလိုလိုလားလားထောက်
ခံအားပေးခဲ့ကြတယ်၊ပြီးတော့ မြေအောက်အဖွဲ့အစည်းတွေရဲ့တင်းမာမှု့ကြောင့်ဆွေးနွေးပွဲ ပျက်ပြားခဲ့တယ်လို့
လည်း တလိမ်ထဲလိမ်လိုက်ပြန်သေးတယ်ခင်ဗျာ့။ နောက်ထပ်အလိမ်တခု ကတော့ တိုင်းပြည်လွတ်လပ်ရေးအ
တွက်ကျိုးပမ်းခဲ့ကြတဲ့ သခင်နု၊ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊သခင်လေးမောင်၊သခင်စိုး၊ဝိဓူရ သခင်ချစ်မောင်၊စသည့်
ပုဂ္ဂိုလ်များပါဝင်တဲ့ ၃၃ ဦးအကြံပေး အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပြီး နိုင်ငံတော်အတွက်လိုအပ်တဲ့ အကြံဥဏ်များပေးကြ
ပါဆိုပြီးဟန်ပြဖွဲ့စည်းပေးခဲ့တယ်၊ဒါပေမဲ့ ဒီအဖွဲ့လည်းတနှစ်မကြာပါဘူး ဖျက်သိမ်းပစ်လိုက်ပါတယ်ခင်ဗျာ့၊အဲဒါက
လည်းတိုင်းပြည်အတွက် စစ်တပ်ကလွဲလို့ဘယ်သူမှမလုပ်နိုင်ဘူးဆိုတာကို ထပ်ဆင့်ပြီးတော့လိမ်ပြလိုက်ဒါပါဘဲ
ခင်ဗျား။

နောက်ထပ်ပြောပြချင်ပါသေးတယ်၊၁၉၆၂ခုနှစ်ဗိုလ်နေဝင်း အာဏာသိမ်းပြီးတော့ပြည်သူတရပ်လုံးကိုဆိုရှယ်လစ်
အယောင်အဆောင်ပြခဲ့ ပါသေးတယ်၊ တကယ်တမ်းဗိုလ်နေဝင်းထူထောင်ခဲ့ ဒါကတော့ “စစ်တပ်နန်းစဉ်နန်းတက်
ဝါဒ”Military Dynasty ပါ။အဲဒီခေတ်က လူတွေပြောနေကြ တဲ့ စကားလေးတွေကို ပြောပြချင်လို့ပါ၊ အဲဒီတုံးက
တချို့က ဆိုရှယ်လစ်လမ်းစဉ်က မှုကောင်းတယ်၊ လူမကောင်းလို့ပါတဲ့။ အဲဒါနဲ့ပတ်သက်လို့ ၁၉၆၄ခုနှစ်က တာ
တေတို့ဆရာသမားတယောက် ပြောခဲ့ဘူးဒါကိုအခုစာဖတ်နေတဲ့ ပုဂ္ဂိုလ်တွေရှင်းရှင်း လင်းလင်းသိသွားမယ်လို့
ယုံကြည်လို့တင်ပြလိုက်ပါတယ်၊ နဲနဲလေးတော့ရိုင်းပြသွားတယ်ဆိုရင်လည်းခွင့်လွှတ်တော်မှုကြပါခင်ဗျား။အဲဒါ
ကဒီလိုပါ၊ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ပတ်သက်လို့ “ဖာခေါင်းက ဘုရားတည်မဲ့ လို့ဆိုဒါ ဘယ်လိုမှမ
ယုံနိုင်ဘူး”တဲ့ခင်ဗျား။ဒါဆိုရင် တာတေတို့ရဲ့ နောက်မျိုးဆက်တွေလည်း လူကလိမ်တာလား၊မှုကလိမ်တာလား
ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

စစ်အာဏာရှင်တို့ရဲ့အလိမ်တွေကလည်း ယနေ့မျက်အခြေအနေအထိ “မပြီးသေးတဲ့ပန်းချီကားတချပ်”လိုဆက်
၍ဆက်၍လိမ်နေတုံးပါဘဲ၊၁၉၈၈ခုနှစ် “ပြည်သူ့အရေးတော်ပုံကြီး” ကျဆုံးခဲ့ပြီးနောက် စစ်အာဏာအမွေဆက်ခံ
ခဲ့တဲ့ ဗိုလ်စောမောင်တက်လာတော့လည်းပြောခဲ့ဘူးပါတယ်၊“ကျနော်တို့တိုင်းပြည်အာဏာကိုရေရှည်မသိမ်းထား
ပါဘူး ဝန်ကြီးဌာနလေးငါးခုကို ဗိုလ်ချုပ်တဦးထဲက ကိုင်ထားဒါကိုကြည့်သိနိုင်ပါတယ်”လို့ပြောခဲ့ဘူးပါတယ်၊ဒါပေ
မဲ့အဲဒီကစလို့အခု အချိန်အထိ ပြုတ်ခဲ့၊တက်ခဲ့တဲ့ ဝန်ကြီးတွေကို တန်းစီခိုင်းရင်တောင် မိုင်တထောင်လောက်ရှည်
လိမ့်မယ်ထင်ပါတယ်။ ဒီအပြင် “ရွေးကောက်ပွဲကြီးပြီးရင် ကျနော်တို့စစ်တန်းလျား ကိုပြန်ပါ့မယ်”ကမ္ဘာသိ၊မြန်မာ
သိအကြိမ်ကြိမ်အခါခါ ပြောခဲ့သေးပါတယ်၊ ၁၉၉၀ ရွေးကောက်ပွဲကြီး ပြီးလို့ ၁၉၉၂နှစ်အထိ ရူးကြောင်မှုးကြောင်
နဲ့အုပ်ချုပ်သွားခဲ့တဲ့ ဗိုလ်စောမောင်ရော “ဘယ်မှာပြန်ခဲ့လို့လဲ”။ဒါတွေကတော့စစ်အာဏာရှင် တို့ရဲ့ formula
လိမ်ကွက်တွေပါဘဲ၊အဲဒီတုံးက နဝတဒုဥက္ကဌက အခုနအဖ ဥက္ကဌတဖြစ်လဲဗိုလ်သန်းရွှေပါ၊ အခုနအဖ ဒုဥက္ကဌ
ဗိုလ်မောင်အေး က နဝတအဖွဲ့ဝင်တဦးပါ၊သူတို့ကိုယ်တိုင်လည်း ၁၉၉၀ရွေးကောက်ပွဲကြီး မှာဆန္ဒမဲပေးခဲ့ကြမယ်
ဆိုဒါလည်းငြင်းဆိုဖွယ်ရာမရှိပါ။ ၁၉၉၀ ရွေးကောက်ပွဲကြီးကလည်းတရားမျှတတဲ့ရွေးကောက်ပွဲကြီးဆိုဒါကလည်း
နအဖအဖွဲ့ဝင်တွေရော၊ကမ္ဘာ့နိုင်ငံ အသီးသီးက အသိအမှတ် ပြုကြပြီးဖြစ်ပါတယ်။ ဒါကို ဗိုလ်သန်းရွှေတို့ကအသိ
အမှတ်မပြုနိုင်တာကို တာတေက ပြည်သူတွေကိုယ်စားနဲနဲလေးမေးချင်ပါတယ် ခင်ဗျာ့၊ “အတိတ်မေ့ရောဂါများစွဲ
ကပ်နေလို့လား၊ ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေဒါလား၊ ဒါမှမဟုတ် formula အတိုင်းလိမ်နေဒါလား၊လို့အစ
ရှိသဖြင့်မေးချင်လွန်းလွန်းလို့ပါခင်ဗျား။

ပြီးတော့ ဗိုလ်စောမောင်ကို အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း နှစ်စဉ်နှစ် နအဖက တိုင်းပြည်ရဲ့ စီးပွားရေးကဖြင့်
၁၀% တချို့နှစ်တွေဆိုရင် ၁၃% အထိတိုးတက်နေပါတယ်လို့ ထုတ်ပြန်ကြေငြာ ခဲ့သေးတယ်၊ ကမ္ဘာ့ဘဏ်က
တောင်အံ့ဘနန်းဖြစ်အောင် စီးပွားရေးဖွံ့ဖြိုးတိုး တက်ခဲ့ပါတယ် ဆိုတဲ့ တာတေတို့တိုင်းသူပြည်သားတွေကတော့
ထမင်းရည်တောင် ခွဲတမ်းနဲ့သောက်နေရတယ်ခင်ဗျာ့၊ နောက်တာတေတို့ လူမျိုးအများစု ဟာဗုဒ္ဓဘာသာဝင်များ
ဖြစ်ကြပါတယ်၊တာတေတို့တိုင်းပြည်မှာ ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်က ဆိုရိုးစကား တခုရှိခဲ့ဘူးပါ
တယ်၊အလှူအတန်းပြုလုပ်ရာမှာ “ထမင်းရည်ချောင်းစီး”တဲ့ခင်ဗျာ့၊အခုတော့ထမင်းရည်လည်းချောင်းမစီးနိုင်တော့
ပါဘူး၊နောက်ဆုံး တာတေတို့ မိရိုးဖလာ ကိုးကွယ်ဆည်းကပ် လှူဒါန်းခဲ့ ကြတဲ့ သံဃာတော် များရဲ့သပိတ်တောင်
မှ “ဘာမှမရှိ နတ္တိ” ဖြစ်နေတာ ကြာနေခဲ့ရပါပြီခင်ဗျား။ အဲဒါကြောင့် နအဖ တွေပြောနေတဲ့ “စီးပွားရေးတိုးတက်
နေတယ်ဆိုတာ ဂျိုနဲ့လား”လို့ထပ်ဆင့်လို့မေးချင်ပါသေးတယ်ခင်ဗျား။ဒါကလည်း formula ဘဲထင်ပါရဲ့ခင်ဗျား
တာတေတို့ကတော့ ထင်ပါတယ်၊ နအဖပြော တဲ့စီးပွားရေးတိုးတက်တယ်ဆိုဒါ၊ ဗိုလ်ချုပ်တစုနဲ့ သူတို့ရဲ့ လက်
ဝေခံလက်တဆုတ်စာ လူတစုဘဲ ဖြစ်ပါလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်တွေရဲ့သားသမီးတွေရဲ့နေ့
စဉ်နိုင်ငံခြား မှာshopping ထွက်နိုင်ကြ လို့ပါဘဲ၊ စစ်တိုင်းမှူးတွေရဲ့ သားသမီးတွေ ဆိုရင်လည်းရန်ကုန်မြို့အကြီး
ဆုံးဟိုတယ်ဖြစ်တဲ့ Trader's Hotel မှာတညကို ၆သောင်း ၇သောင်းလောက်ပေးရတဲ့ အခန်းတွေကိုနှစ်လုံးပေါက်
ဌားထားကြဒါလည်း သူတို့ စစ်အုပ်စု အတွင်းမှာလည်း style တခုပေါ့ ဗျာ။အဲတာတွေကြောင့် လည်းတာတေတို့
ဗိုလ်ချုပ်တွေက တိုင်းပြည်စီးပွါးရေး တိုးတက်နေတယ်လို့ ပြောသလားတော့ မသိဘူးခင်ဗျာ့၊ ပြည်သူလူထုကြီး
ကတော့ “ဖွတ်”ကတောင် အဘလို့ခေါ်ရမဲ့ မွဲကိန်းဆိုက်နေပြီခင်ဗျာ့။ ပြီးတော့ သူတို့ကပြောရဲသေးတယ်လေ။
“ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံသစ်ကြီး ဆီသို့”တဲ့ဗျာ၊ သူတို့မို့ဘဲပြောရဲကြ
တယ်နော်၊တာတေ တို့ ဟိုအရင်ငယ်ငယ်တုံးက ကြားဘူးဆိုဘူးတဲ့ သီချင်းထဲက လိုဘဲ “လိမ်တယ်ညာတယ်
လူညာကြီးရယ်”လို့သာကမ္ဘာတင် မဟုတ်ဘူး၊စကြာဝဋ္ဋာအနန္တကြားအောင် ဟစ်လို့သာအော်လိုက်ချင်တယ်ဗျာ၊
နောက်ပြီးတဖန်………. ပြောပြချင်သေးတယ်ခင်ဗျာ့။၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲ ကြီးတုံးကရော၊အဲဒီ
မတိုင်ခင်ကရော၊ ပြီးတော့ရော သူတို့ပြောတဲ့ အပိုဒ် ၆ ဆိုဒါ ဗိုလ်စောမောင်လည်းမပြောဖူးဘူး၊ ဗိုလ်ခင်ညွန့်လဲ
မဆိုဖူးဘူး၊ ဗိုလ်သန်းရွှေ ကိုယ်တိုင်လည်း ယောင်လို့တောင်မှ မဟခဲ့ဖူးပါဘူးဗျာ၊ဘာအခုမှ အပိုဒ်၆တွေ ၇တွေ
လာပြီးပြောနေကြတာကိုလည်း တာတေတို့ နားမလယ်ပါဘူးဗျာ၊ ယောင်္ကျားပီသပါတယ် ဆိုတဲ့ စစ်ဗိုလ်တွေဘဲ
ဗျာ၊ အစကထဲကယေင်္ကျားပီပီ ဟုတ်ရင်ဟုတ်တယ်၊မဟုတ်ရင်မဟုတ်ဘူးဆိုတာ ကိုပြောရဲရမယ်ခင်ဗျ၊ အခုတော့
လည်းကလိမ်ကကျစ် ဥဏ်နဲ့ အခုဆီထမင်းကြော်၊ အခုစာကလေးကြော် အမျိုးမျိုးဘဲ တတ်လည်းတတ်နိုင်ကြတဲ့
ဗိုလ်ချုပ်ရင့်မာကြီးတွေရယ် လို့သာဟစ်ရအုံးမယ်ခင်ဗျ။ နောက်သူတို့ကပြောသေးတယ်၊ ညီလာခံနဲ့ပတ်သက်
လို့ ပြင်စရာရှိဒါတွေကိုလည်းပြောကြပါတဲ့ ခင်ဗျ၊ ဒါပေမဲ့နောက် တခါကျတော့ ဘာမှပြောဖို့ ပြင်ဖို့ မလိုတော့ပါ
ဘူးတဲ့၊ ကိုင်းဘယ့်နှယ်ရှိစ ပရိသတ်အပေါင်းတို့ ခင်ဗျား။

နောက်ထပ်….နောက်ထပ်ပရိသတ်တို့ သိကြတဲ့အတိုင်းပါဘဲ တာတေရဲ့ အမြင်ကိုတော့ ထပ်ပြီးတော့ပြောရအုံး
မယ်ခင်ဗျာ့၊အရင်ရှေး ပဝေသဏီက ဟာတွေကိုတော့ မပြောတော့ပါဘူး၊ နီးနီးကပ်ကပ်လေးတွေကိုဘဲပြောပြပါရ
စေ၊ အရင်ဧရာဝတီ မြစ်ကြီးကို စုံပြီးတော့ ကျောက်တော်ကြီး ဘုရားကို ခမ်းခမ်းနားနားကြီးကြီး ကျယ်ကျယ်စည်
စည်ကားကား သဒ္ဒါမြတ်နိုး လက်စုံမိုးပြီး၎င်း၊ ဗုဒ္ဓသာသနာ ရောင်ဝါနေလို ထွန်းလင်းစေ သော်၊ စသည်စသည်ဖြင့်
ကြွေးကြော်ပြီး၎င်း၊ မင်းပေါင်းစုံညီစွာနဲ့ ဘဲကျောက်တော်ကြီး ဘုရားကို အာရုံ သစ်သီးဆွမ်းကပ်ပြခြင်းဖြင့်၎င်း၊
ဗိုလ်သန်းရွှေနဲ့ စစ်ဗိုလ် အပေါင်းပါ တစုက ပြည်သူလူထုကို ခပ်တည်တည်နဲ့ ဘုရား၊တရားကို ကြည်ညိုဟန်၊
သွားလေသူ သူ့ကိုယ်သူ သောတာပန် လို့ထင်နေတဲ့ ဗိုလ်စောမောင်ထက်အဆင့်မြင့်တဲ့အနာဂါမ်များလို့တောင်
ထင်ယောင်ထင်မှား ဖြစ်အောင် သရုပ်ဆောင်ပြခဲ့ကြဒါလည်း တာတေတို့ပရိသတ်ကြီး အမြင်အသိပါခင်ဗျား။
နောက်ပြီးတော့ ဗိုလ်သန်းရွှေ နဲ့မိသားစုကလည်း တောင်ဒဂုံ မှာပရိယတ္တိ စာသင်တိုက်ကြီးတခုကိုလည်း ကြား
ရတဲ့လူအပေါင်း သာဓုအကြိမ်ကြိမ် ခေါ်ပြီးကြည်ညို သွားရအောင် ခပ်တည်တည်နဲ့လှူဒါန်းသမှုပြုပြလိုက်ပါသေး
တယ်၊အခုတော့ ကမ္ဘာ့သာသနာသမိုင်းမှာ စံချိန်တင်ရလောက် အောင် ရဟန်းသံဃာတော်များ၊ ကျောင်းသားများ ပြည်သူအများကို အကြမ်းတမ်းဆုံး၊ အရိုင်းစိုင်းဆုံး၊ အယုတ်မာဆုံး၊အဆိုးရွားဆုံးပစ်ခတ်၊ ရိုက်နှက်ဖမ်းဆီးခဲ့ဒါက
တော့စံချိန်တင်လောက်ပါပေတယ် ခင်ဗျား။ ပြီးတော့ကမ္ဘာ့အကြီးဆုံး မုသာဝါဒဆေးလုံးကြီး ကိုမျိုပြီးတော့ ရဟန်း
တော်တပါးမှ ပျံလွန်တော်မှုခြင်း မရှိပါဘူး လို့လည်းဗြောင်လိမ် ဗြောင်စား လိမ်လိုက်သေးတယ်ခင်ဗျား၊ ဒီအပြင်ပို
သေး ရဟန်းတုတွေ ပါလို့ပြောပြီးတော့ နအဖရဲ့ စွမ်းအားရှင်ဘုန်းကြီးကျောင်း တွေကလွဲပြီး ကျန်ဘုန်းတော်ကြီး
ကျောင်းတိုက်များ ကိုညအချိန်မတော် ဝင်ပြီးစီး၊ သံဃာတော်များပိုင်ပစ္စည်း များကိုလုယက်၊ သံဃာတော်များကို
ရိုက်နှက်ဖမ်းဆီး၊ အဓမ္မလူဝတ်လဲ၊ ပုဒ်ထီးပုဒ်မတွေ အတင်းတတ်၊ပြီးတော့ထောင်ချ၊ အခုအချိန်အထိလည်းလိုက်
လံဖမ်းဆီးနေစဲ ကိုတာတေက မေးခွန်းလေးတခုတော့မေးချင်ပါတယ်၊“ပရိသတ်တို့ရေ ကိုင်းဘာလုပ်ကြမလဲလို့”
မပြီးသေးပါဘူးခင်ဗျာ့………..ဆက်ပြီးတော့ဘဲ တင်ပြပြီးတော့တာတေရဲ့ ပရိသတ်ကြီးဆီက အကြံလေးလည်း
တောင်းခံပါရစေ ခင်ဗျား။ အခုစက်တင်ဘာ “ရွှေဝါရောင်တော်လှန်ရေး”ကြီးပြီးတော့ ကုလသမဂ္ဂလုံခြုံရေး
ကောင်စီရဲ့ ကြေငြာချက်ကြောင့်၎င်း၊ ကမ္ဘာ့ပြည်သူလူထုကြီးက ရွှေဝါရောင်တော်ရေးကြီးကိုအင်တိုက်အား
တိုက်ထောက်ခံအားပေး မှုကြောင့် နအဖဗိုလ်ချုပ်များက “ကြောက်ချင်ယောင်၊ဒုထ္ထာယောင်ဆောင်ပြီး”တော့
ကုလသမဂ္ဂနဲ့ပူးပေါင်း ဆောင်ရွက်ပါမယ်ခင်ဗျာ့၊နောက်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း
တွေ့ဆုံဆွေးနွေးပါ မယ်လို့ ကြေငြာချက်တွေနဲ့ ဆက်ဆံရေးဝန်ကြီးတွေဘာတွေ ခန့်ပြီး၊ခပ်တည်တည်လုပ်
ပြတော့လည်း ဟုတ်သလိုလိုထင်ရသား ခင်ဗျာ့၊ အခုတော့ကော “စာမလာသတင်းမကြားရသည်မှာကြာပြီဖြစ်
ပါ၍” ဆိုသလိုဖြစ်နေပါတယ်၊ အခုဒီဇင်ဘာလဆန်း လောက်ကထင်ပါရဲ့ နအဖရဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဗိုလ်ကျော်ဆန်းက ပြောလိုက်ပါပြီ၊ သူတို့ရဲ့ လမ်းပြမြေပုံ အတိုင်းဘဲသွားမယ်၊ ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်
မှပါစရာမလိုတော့ဘူး လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ကမ္ဘာသိကြေငြာလိုက်ပါပြီ ခင်ဗျား။ပရိတ်သတ်
တို့ရေအရင်က စစ်ဗိုလ်တွေ ဂတိစကားတွေကိုတော့ မကိုးကားတော့ပါဘူး၊လတ်တလော ပူပူနွေးနွေး လွန်ခဲ့တဲ့
နှစ်လလောက်က နအဖ စစ်ဗိုလ်တွေရဲ့ ဂတိတွေ၊ စကားတွေက ဘယ်ရောက်သွားပြီလဲ၊“သဲထဲရေသွန်သလို”
ဖြစ်သွားပြီလား? ရာစုနှစ်ဝက်နီးပါး ထူထောင်လာတဲ့ စစ်အာဏာရှင်စံနစ် ကိုထောင်စုနှစ်တိုင်အောင်ဆက်လက်
ခွင့်ပြုဖို့ကို ကပ်ကြီးသုံးပါးဆိုက်နေတဲ့၊စုတ်ပြတ်သတ်နေတဲ့ တာတေတို့ရဲ့ တိုင်းရင်းသားပြည်သူလူထုကြီးတရပ်
လုံးက ထောက်ခံနိုင်ပါသလား?လက်နက်မဲ့ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန္ဒပြတောင်းဆိုမှုများက ဒီမိုကရေစီ
ရေးတိုက်ပွဲကြီး အောင်မြင်မည်ဟု ယုံကြည်ပါသလား? ဒါမှမဟုတ် ဗိုလ်နေဝင်း ၁၉၆၂နှစ်တုံးကပြောသလိုဘဲ
“ဒုတ်-ဒုတ်ချင်း၊ဓါး-ဓါးချင်း”ဆိုသလိုဘဲ “သေနတ်-သေနတ်ချင်း”ဆိုရင်ရော တာတေတို့ပြည်သူတွေတောင်းနေ
တဲ့ဒီမိုကရေစီတိုက်ပွဲကြီး(ဓမ္မတိုက်ပွဲကြီး) အောင်မြင်မယ်လို့ ထင်ပါသလား?

အဲဒီလို “လား”ဆိုတဲ့ မေးခွန်းတွေနဲ့ တာတေရဲ့ ပရိသတ်ကြီးကို တမေးထဲမေးမိဒါကိုတော့ခွင့်လွှတ်ပါခင်ဗျား။
ဘာပြုလို့လဲဆိုတော့ တာတေလည်းတာတေရဲ့ ဆန္ဒရှိသလို ၊တာတေရဲ့ ဘော်ဒါတွေမှာလည်း ဆန္ဒအမျိုးမျိုး
ရှိကြမှာပါ။အဲဒီတော့ အခုတင်ပြလိုက်တဲ့ စာရဲ့နောက်ဆက်တွဲကို တာတေလည်းဆက်ပြီးတော့ရေးရမှာပါ၊ဒါပေ
မဲ့ နိုင်ငံအသီးသီး၊အလွှာအသီးသီး မှာရှိနေကြတဲ့ ဆန္ဒအသီးကိုလည်းသိချင်တဲ့ ဆန္ဒပြင်းပြစွာနဲ့မေးရခြင်းဖြစ်ပါ
တယ်၊ဒီတော့ လူကြီးမင်းတို့ရဲ့ဆန္ဒအသီးသီးကို တကြောင်းထဲ၊ဒါမှမဟုတ်ရင်လည်း စာတပိုဒ်ဖြစ်ဖြစ် တာတေ
တို့ရဲ့ ပြည်တွင်းပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ အကြံဥဏ်တွေကို သိချင်ပါတယ်ခင်ဗျား၊ပြီးတော့
တာတေတို့ရဲ့ အကောင်းဆုံးအဖြေကိုရ မယ်လို့ရာနုန်းပြည့်ယုံကြည်ပါတယ်ခင်ဗျား။

တာတေရဲ့blog ထဲမှာလည်းရေးပေးနိုင်သလို, တာတေရဲ့ emailကတော့ tartay47@gmail.com

Monday, November 5, 2007

စက်တင်ဘာရဲ့ကြွေးကြော်သံ

ရွှေဝါရောင်လှိုင်းပုတ်သံနဲ့
ဒေါင်းလံနီ စိုက်ထူတဲ့တိုက်ပွဲ
ပြည်သူတွေပါတဲ့ ပွဲပေမို့
စစ်ဓါးပြမိစ္ဆာကောင်ကို
တောထုတ်မဲ့ ဒီပွဲ။

ရှိခြင်း - မရှိခြင်း

Ð ရှင်ဘုရားက ဟောကြားခဲ့တယ်
“အနတ္တတဲ့”
ဗိုလ်သန်းရွှေက ပြောပြန်တယ် “ငါဟာ အတ္တဟဲ့”လို့
ငါ့ခန္ဓာကြီးဆူဖြိုးနေတယ်
ငါ့စိန်ရွှေတွေအများကြီးရှိတယ်
ကမ္ဘာပသင်္ချေ ငါသုံးနိုင်တယ် “ဘာအနတ္တလဲ”

Ð ဆိုကရေးတီးကပြောတယ်
“Life is nothing” တဲ့
ဗိုလ်မောင်အေးကပြောတယ် “ဘာ nothing လဲ”
စစ်တပ်ကြီးတွေ ငါ့မှာရှိတယ်
သုံးမကုန်အောင် အားလုံးရှိတယ်…“ ငါက something ပဲ”

Ð ရှေးလူကြီးတွေ မိန့်မှာခဲ့တယ်
“ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ”
ဗိုလ်ရွှေမန်းက တုံ့ပြန်ခဲ့တယ် “ဘာရုန်းတာလဲ”
ကုမ္ပဏီတွေ ငါ့မှာရှိတယ်
ဒေါ်လာဆက်ကြေး ငါ့မှာရှိတယ်
လုပ်ပိုင်ခွင့်တွေ အာလုံးရှိတယ် “ငါကအေးဆေးပဲ”

Ð တို့တိုင်းပြည်မှာဗြဟ္မစိုရ်တရားတွေရှိခဲ့ဖူးတယ်
“မေတ္တာ သစ္စာ ဂရုဏာ မုဒိတာ တဲ့”
ဗိုလ်စိုးဝင်းက ပြောပြပြန်တယ် ……မေတ္တာမလိုဘူး ငါသတ်ရဲတယ်
သစ္စာမဆိုဘူး ငါလိမ်ရဲတယ်
ဂရုဏာမသက်ဘူး နှိပ်ကွပ်ရဲတယ်
မုဒိတာမလိုဘူး ငါ့အတွက်ပဲ

Ð ရွှေပြည်သာက လူကပြောတယ်
စားစရာမရှိဘူး…….. ဆန်

Ð လှိုင်သာယာက လူပြောတယ်
၀တ္စရာမရွိဘူး……. အက်ႌ

Ð တောင်ဒဂုံက လူကပြောတယ်
မိုးစရာမရှိဘူး………..သက်ကယ်

Ð တပြည်လုံးက ပြောကြတယ်
ဒီမိုကရေစီဆိုတာ ချိုနဲ့လားတဲ့။

မှတ်ချက်။ ။ ဒီခံစားမှုက မနှစ်က ခံစားခဲ့ဒါပါ၊ အခုတော့ ဗိုလ်စိုးဝင်းတယောက် ယောယုဝမှာ ဗိုလ်နေ၀င်းနဲ့အမှုတွဲနေလို့ စာဖတ်သူတို့က မိမိကြိုက်ရာကို အစားထိုးနိုင်ပါတယ်ခင်ဗျား။

အကြောက်တရားနဲ့အမှန်တရား

လူတဦးချင်းဖြစ်စေ၊ အများနဲ့ဖြစ်စေ “အကြောက်တရား”ဆိုဒါကတော့ ထိုက်သင့်အား လျော်စွာ အနည်းနဲ့အများတော့ရှိကြစမြဲပါ။ အခြေအနေအရ လူတယောက်ချင်းအတွက် မိမိရင်ဆိုင်ရသောအတွေ့ အကြုံအရ အကြောက်တရားက ကွဲပြားကြမယ်လို့ထင်ပါတယ်ခင်ဗျာ့။ အဲဒီလိုအခါ မျိုးကျတော့လည်း လူတဦးချင်းစီရဲ့ စိတ်ဓာတ်ရေးရာ အပေါ်မူတည်ပြီးတော့ အကြောက်တရားအနည်းအများ၊ ဆိုသလိုဘဲကွာ ခြားမှုကတော့ ရှိမှာပါ။ သို့သော် အဓိကအားဖြင့်ဆိုရမယ် ဆိုရင်တော့ အကြောက်တရားလွှမ်းမိုး ခံရသူအများစုမှာ လူ့ဗာလများ၊ စဉ်းစားဆင်ခြင်ဥာဏ်နဲပါးသူများ၊ လူ့သဘာဝကို မသိနားမလည် ဆင်ခြင်တုန်တရားမရှိသူများ၊ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်ကြပြီး ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတ္တကြီးမားသည့်လူတန်းစားများ၊ “ကြီးနိုင်ငယ်ညှင်း” ဆိုတဲ့ တောတွင်းတိရိစ္ဆာန်တို့ရဲ့ ဥပဒေသတိုင်း စာနာထောက်ထား ညှာတာမှုမရှိဘဲ အာဏာလက်နက်တို့ဖြင့် ရိုင်းပြစွာအနိုင်
ကျင့်အုပ်ချုပ်တတ်သူများ……..စသည်အားဖြင့်ဖြစ်ကြပါတယ်။

အကြောက်တရားနဲ့ အမှန်တရားကတော့ လုံးလုံးလျားလျား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ ဆန့်ကျင်
ဘက်တရားနှစ်ခုဖြစ်ပါတယ်။ အကြောက်တရားကြီးမားလေ အမှန်တရားပျောက်ကွယ်လေ၊ မသိမှုဆိုတဲ့ မောဟတရားကြီးစိုးလေဖြစ်ပြီး၊ အကြောက်တရားနဲပါးလေ အမှန်တရားကိုပို၍ ပို၍ သိမြင်လေဖြစ်ပြီး လောကအကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို မိမိရဲ့အတ္တကျိုးကို ပိုပြီးစွန့်လွှတ်နိုင်လေ ဆိုဒါတွေက လောကနိယာမပါခင်ဗျာ။

ဥပမာဆိုရမယ်ဆိုရင်တော့…………
တာတေတို့ရဲ့ နိုင်ငံမှာ ၁၉၆၂ခုနှစ် ကစပြီး ကနေ့၂၀၀၇ အထိ စစ်အာဏာရှင်အဆက်ဆက် လက်ဆင့်ကမ်းဖိနှိပ်ညှင်းပမ်းပြီး ပြည်သူ့အာဏာကိုမတရားသိမ်းယူအုပ်ချုပ်ခဲ့ဒါ ၄၅နှစ်ကျော်လို့ရာစုနှစ်ဝက် တိုင်ခဲ့ပါပြီ၊ ဗိုလ်နေ၀င်း (စစ်အာဏာကိုစတင် တည်ထောင်သူ) လက်ထက်ကလည်း ပြည်သူတို့ တင်မြှောက်ထားတဲ့အစိုးရဆီက မတရားအာဏာသိမ်းပြီးနောက်၊ ပြည်သူ့ဘဏ္ဍာတွေကို မတရားသိမ်းယူပြီး ၎င်းနဲ့စစ်ဗိုလ်အပေါင်းပါတစု ဇိမ်ခံရေး၊ ဆွေမျိုးတစု ကြီးပွားချမ်းသာရေးကိုသာ တစိုက်မတ်မတ် ပြုလုပ်ခဲ့တယ်။

ဗိုလ်နေ၀င်း England မှာမြင်းပြိုင်ပွဲ၊ ခွေးပြိုင်ပွဲတွေသွားပြီး ဒေါ်လာသန်းချီပြီးလောင်း ကစားနေချိန်မှာ ပြည်သူတွေထမင်းငတ်လို့ သေတဲ့သူတွေအများကြီးရှိခဲ့တယ်။ အဲဒါတွေကို ဖြေရှင်းပေးဘို့ အမှန်တရားအတွက် တောင်းဆိုကြတဲ့ ပြည်သူတွေကို ဆုလတ်အဖြစ်၊ အဲဒီအချိန်အခါကလူမသိသူမသိ ထောင်သောင်းမက ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်။ အဲဒီတောင်းဆိုမှုတွေကလည်း ၁၉၆၂၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ခုနှစ်တွေမှာဆိုရင် ဆက်တိုက်ဆိုသလိုဘဲ တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းရှင်လူကျောင်းသား၊ ပြည်သူ များစွာကို ဗိုလ်နေ၀င်းက သူ့ရဲ့စည်းစိမ်များဆုံးရှုံးသွားမည့်အရေးအတွက် အကြောက်
တရားကြီးမားစွာနဲ့မညှာမတာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဒါကလည်း စစ်အာဏာရှင်တို့ရဲ့ “ဖေါ်မြူလာ”ခေါ်
“ပုံသေနည်း” ဖြစ်ခဲ့ဒါကတော့ ငြင်းစရာမလိုဘူး ဆိုဒါကတော့၊ အခုလတ်တလော တာတေတို့ရဲ့ တိုင်းပြည်အတွင်း ဗိုလ်သန်းရွှေက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ဆန္ဒပြနေတဲ့ရဟန်းသံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများကို ကမ္ဘာသိမြန်မာသိ ကြော်ငြာပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်ပြလိုက်ဒါကလည်း စစ်အာဏာရှင်တို့ရဲ့ Formula ပါ။

ဒါပေမဲ့ဗိုလ်သန်းရွှေကတော့ “နောက်လူကိုသာဆိုး” ဆိုသလိုပါဘဲ ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင်
တို့ထက်စောင်းပြီး Super Formula ကို သုံးပြသွားဒါ ကတော့ “မြတ်စွာဘုရားရှင်ရဲ့ပုံတော်တွေကို မိုက်မိုက်ရိုင်းရိုင်း စစ်ဖိနပ်နဲ့ နင်းချေဖျက်စီးပြခြင်း” “ဗုဒ္ဓသာသနာ့အလံတော်ကို ရိုက်ချိုး၊ စုတ်ဖြဲပြလိုက်ခြင်း” တို့ Super Formula ကို ထိတ်လန့်တကြား အကြောက်တရား ကြီးမားစွာ ဒေ၀ဒတ်ထက်အဆပေါင်း များစွာသောမိုက်မဲမှု နဲ့ မိုက်ရိုင်းပြလိုက်ခြင်းဖြစ်ပါတယ်။

ဒီ့အပြင်ဗိုလ်သန်းရွှေရဲ့ဓနစည်းစိမ် တွေကတော့ သိကြတဲ့အတိုင်းပါဘဲ တခြားဟာတွေမကြည့်ပါနဲ့ သမီးတော်အထွေးဆုံးရဲ့ စိန်စီသောည အာဝါဟ၀ိဝါဟ ပွဲကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါအပြင် အခုတလောကြားရတဲ့ အခြားသောသမီးတော်များကလည်း အထူးသဖြင့် Singapore မှာ ဒေါ်လာသန်း ချီပြီး ရင်းမြှပ်နှံထားတဲ့ Companies များ အများကြီး၊ ဒီလို ဒေါ်လာသန်းထောင်ပေါင်းများစွာကို မတရား ရယူထားတဲ့ ဓနဥစ္စာတို့ ဆုံးရှုံးသွားရမည့်အရေးတို့ကို ဗိုလ်သန်းရွှေအနေဖြင့် တစိမ့်စိမ့်တွေးလေ ကြောက်လေ၊ တရေးနိုးတွေးလည်း ကြောက်လေ ဆိုသလိုပါဘဲ အဲဒီအကြောက်တရားကြီးက ဗိုလ်သန်းရွှေနဲ့အပေါင်းပါ လက်တဆုပ်ကို ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ၊ သံဃာကို သံဃာမှန်းမသိ လောက်အောင် မောဟအမိုက်မှောင်ကြီး ဖုံးလွှမ်းပြီး သံဃာတော်များကို ရိုက်နှက်၊ သေနတ်ဖြင့်ပစ်သတ်၊ ညအချိန်မတော် ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်စီးနင်း၊ သက်တော်ဝါတော်ကြီးဆရာတော်ကြီးများပါ မချန်၊ သံဃာတော်အရှင်သူမြတ်တို့ရဲ့ ဦးခေါင်းတော်များကို စစ်ဖိနပ်ဖြင့်နင်း၊ လက်ပြန်ကြိုးတုတ်၊ သွေးစိမ်းရှင်ရှင် မြေခအောင် ရိုက်နှက်ဖမ်းဆီးပြီး ၊အတင်းအဓမ္မလူဝတ်လဲစေပြီး ထောင်ထဲအကျဉ်းချ၊ ရဲဘက်အလုပ်ကြမ်းစခန်းများကိုပို့စတဲ့ “ကမ္ဘာ့သာသနာသမိုင်းမှာ အရက်စက်ဆုံး၊ အယုတ်မာဆုံး စော်ကားမှုကြီး” ကို စော်ကားပြလိုက်ပြီး ဗိုလ်သန်းရွှေနဲ့ စစ်ဗိုလ်တစုတို့က “ကမ္ဘာ့မိစ္ဆာဒိဋ္ဌိများ” လို့ သူတို့ကိုယ်သူတို့ တံဆိပ်ကပ်လိုက်ကြပါတယ်ခင်ဗျား။ အဲဒါကလည်း ဗိုလ်သန်းရွှေတို့လူ့ဗာလတစုကို အကြောက်တရားက အမှောက်အမှားဆီသို့ တွန်းပို့လိုက်ခြင်းဖြစ်ပါတယ်။

(ဒီနေရာမှာ စကားမစပ် တာတေမေး ချင်ဒါကတော့ ဗုဒ္ဓဘာသာဟုတ်ဟန်မတူတဲ့ သာသနာရေးဝန်ကြီး ခပ်တည်တည်လုပ်နေတဲ့ ငတိကို မေးချင်ပါတယ်၊ သူပြောသွားဒါကတော့ “ယခုသံဃာ့
လှုပ်ရှားမှုကြီးမှာ သံဃာအစစ် ၂%သာ ပါဝင်ပါတယ်” လို့ဆိုခဲ့ပါတယ်၊ ကျန်ဒါတွေကသံဃာ အတုအယောင်တွေသာဖြစ်ပါတယ်လို့ အထင်အရှားပြောကြားခဲ့ပါတယ်၊ အဲဒီလို သံဃာတော်အစစ်တွေ ၂% တွေသာပါဝင်တယ်လို့ဆိုခဲ့ရင် ရှေးအစဉ်အလာယခင့်ယခင်ကထဲက လူအများကိုးကွယ် ကြည်ညိုဆည်းကပ်ခဲ့တဲ့ အထင်ကရရှိခဲ့တဲ့ “ငွေကြာယံ” ဘုန်းတော်ကြီးကျောင်း အပါအ၀င် မြန်မာနိုင်ငံအတွင်း မြို့နယ်အသီးသီးရှိ စာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများမှာ စာလိုက်စာပေသင်ကြား၊ သီတင်းသုံးတော်မူနေကြတဲ့ ရဟန်းသံဃာတော်များအားလုံးဟာ ရဟန်းတုရဟန်းယောင်များလား?

သိန်းသောင်းချီရှိတဲ့ သံဃာတော်တွေအားလုံးဟာ ရဟန်းတု ရဟန်းယောင်များလား ?

ဒါကြောင့် အခုနိုင်ငံတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်များကို ၀င်ရောက်စီးနင်းရိုက်နှက်ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ထောင်ချနေဒါလား? ဒါဆိုရင်လည်း ၂% သော ရဟန်းစစ်တွေကရော ဘယ်ကျောင်းဘယ်အရပ် တွေမှာသီတင်းသုံးနေကြပါသလဲ? လို့တာတေကမေးချင်ပါတယ်၊ အဲဒီအခါကျရင်လည်း ၀န်ကြီးဆိုတဲ့ ငနဲကခပ်တည်တည်ဘဲ ကျနော်မသိပါဘူးလို့ ဧကန်မုချလိမ်အုံးမှာဘဲခင်ဗျာ။ အဲဒါကလည်း အကြောက်တရားရဲ့ ခိုင်းစေမှုကြောင့် လိမ်ခြင်းတခုပါဘဲ။)

လောကကြီးမှာ အမှားများများကျူးလွန် ခဲ့သူတွေအဖို့ အမှားများက အတိတ်တစ္ဆေလိုဘဲ အမြဲတမ်း
ခြောက်လှန့်ပြီး အကြောက်တရားများက ပို၍ပို၍ ကြီးတတ်ပါတယ်။ ဥပမာ ဗိုလ်နေ၀င်းရဲ့ သေတဲ့အချိန်အထိ
အကြောက်တရားကြီးမားသွားပုံက သေသူ၏ဆန္ဒအရ နေ့ချင်းပြီးမီးရှို့ပြီးပြာချ နောက်လူဆယ်ယောက်လောက်
နဲ့အသုဘကိစ္စဆောင်ရွက် လိုက်ရပါတယ်။ ဗိုလ်နေ၀င်းအနေနဲ့ အုတ်ဂူမလုပ်ဝံ့ခဲပါဘူး၊ လုပ်ခဲ့ရင်လည်း သူနှိပ်
စက်ခဲ့တဲ့ ပြည်သူတွေက သူ့ရဲ့အုတ်ဂူကို တစတမှုံစီ ခြေဖျက်ပစ်လိုက်မှာကိုစိုးရွံ့တဲ့ အကြောက်တရားကသူ
သေတဲ့အထိခြောက်လှန့်ခံသွားခဲ့ရပါတယ်။

နောက်တယောက်ကတော့ ဗိုလ်စောမောင်ပါ သူလည်း ထိုနည်းလည်းကောင်းပါဘဲ၊ ၁၉၉၀ခုနှစ်မှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့တာကို ဖြိုခွင်းခဲ့ ဒါကတော့ Formula ပါဘဲ၊ ဗိုလ်သန်းရွှေ အခုရက်ရက်စက်စက်ဖြိုခွင်းခဲ့ဒါထက်တော့ မပိုရင်သာရှိမယ်၊လျော့တော့ မလျော့ပါဘူး။

ဒီ့အပြင် ဗိုလ်စောမောင် မြတ်စွာဘုရားရှင်ရဲ့ပညာတ်ချက်လေးပါးဖြစ်တဲ့ ရဟန်းမဖြစ်တော့
တဲ့ လိင်ဆက်ဆံခြင်း၊ ခိုးခြင်း၊ သတ်ခြင်း၊ ဈာန်မရဘဲရခြင်းဟုပြောခြင်းတို့အပြင် ဗိုလ်စောမောင်က ရဟန်းသမဂ္ဂ
သမဂ္ဂီဝင်လျှင် သမုတိသံဃာ အလျင်းမဖြစ်စေရ……..ပုံ စောမောင် ဆိုပြီး အမိန့်၆/၉၀ ကိုထုတ်ပြီး ဘုရားထက်
ပို၍ ပါဝါပိုမြင့်ကြောင်း မတန်မရာ ပြုလုပ်ခဲ့တဲ့အတွက် ဘုရားဂိုဏ်းသံဃာဂိုဏ်း သင့်ပြီး ရူးကြောင်မူးကြောင်နဲ့
အကြောက်တရား ကြီးမားစွာနဲ့ဘဲ အ၀ီစိလားသွားပြီး ဖြစ်ပါတယ်။ဒါတွေက ပြောရမယ်ဆိုရင်တော့ အမှန်တရား
တွေကနေပြီ သွေဖီသွားသူတွေ ရဲ့အကြောက်တရားတွေရဲ့ စေ့ဆော်တိုက်တွန်းမှုတွေကြောင့် ရက်စက်ကြမ်း
ကြုတ်တွေပါ။

တာတေတို့နိုင်ငံမှာ ရှေးအစဉ်အဆက်ဆက် ကပြောကြဆိုကြတဲ့စကားတခွန်းကတော့ “ဗမာပြည်မှာငတ်သေတဲ့ မသာမရှိဘူး” တဲ့ အခုတော့ ထမင်းရည်တောင် မသောက်နိုင်လို့ သေခဲ့ရတဲ့မသာတွေရှိနေပါပြီ။ နှစ်နပ်ပေါင်းပြီး တနပ်ထဲသာစားနေရတဲ့ ပြည်သူတွေလည်း သန်းနဲ့ချီနေပါပြီ၊ လယ်စိုက်ရင်း ထမင်းငတ်နေတဲ့ တောသူတောင်သားတွေကလည်း မရေတွက်နိုင်သလို၊ စစ်တပ်ရဲ့ဖိနှိပ် ရက်စက်မှု့ကြောင့် မစိုက်နိုင်မပျိုးနိုင်နဲ့အိမ်ပစ်ယာပစ်ပြီးထွက်ပြေးနေကြရပြီး အငတ်ဘေးဆိုက်နေတဲ့ တိုင်းရင်းသားသွေချင်းတွေ လည်းသန်းနဲ့ချီနေပါပြီ။

အဲဒီအချိန်တွေမှတော့ ဗိုလ်ချုပ်တွေရဲ့ သားတော် သမီးတော်တွေကတော့ စင်ကာပူ၊ ထိုင်း ၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ နေ့ချင်းပြန် ရှန်ပိန်သောက်ရင်း ညစာတွေပျော်ပျော်ပါးပါး သွားပြီးတော့ စားသောက်နေကြပါတယ်ခင်ဗျာ့။ တာတေတို့ရဲ့ ပြည်သူတွေနေရတဲ့ တဲနန်းတော်တွေကတော့ အမိုးမတတ်နိုင်တဲ့ အတွက်ကြယ်မြင်၊ လမြင်ရုံမက စကြာဝဋ္ဌာကြီးတခုလုံးပါ မြင်ရပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်တွေရဲ့ ဆောင်ကြာမြိုင်တွေကတော့ ဆီးမီးရောင်ဝါထိန်ထိန်လင်းလို့ သိကြားမင်းကတောင် သြချ လောက်ရအောင် နတ်ဘုံနတ်နန်းတွေထက် သာလွန်ပါတယ်။ (နေပြည်တော်မှာက စက္ကန့်မပြတ် မီးလင်းနေလို့ပါခင်ဗျား) တာတေတို့ ပြည်သူတွေဝတ်ရဒါကရော “ဦးပုည” ရဲ့ ရေသည်ပြဇတ်ထဲက ရေသည်လင်မယားရဲ့ အ၀တ်အစားနဲ့သူမသာကိုယ်မသာပါ။ ဗိုလ်ချုပ်တွေရဲ့သားတော်သမီးတော်တွေလို တပတ်တခါ နိုင်ငံခြားတွေမှာ Shopping ထွက်ဝယ်တဲ့ အ၀တ်အစားတွေနဲ့ကတော့ နံ့သာဆီနဲ့ အီးဆိုသလိုပါဘဲခင်ဗျား။

ဒါတွေကပြည်သူတွေရဲ့ လက်တွေ့ဘ၀တွေပါ။ ပြောရရင်တော့ ပကတိ အမှန်တရားတွေဘဲပေါ့ဗျာ။
တလောလေးက ဖတ်လိုက်ရတယ်၊ မြန်မာနိုင်ငံမှာ လူတန်းစားနှစ်ရပ်ဘဲရှိပါတယ်တဲ့၊ “ဘယ်သူသေသေငတေမာ
ရင်ပြီးရော” ဆိုတဲ့ ဖိနှိပ်တဲ့လူတန်းစားရယ်၊ “သေသော်မှတည့် အော်ကောင်း၏” ဆိုတဲ့ အဖိနှိပ်ခံ လူတန်းစားရယ် နှစ်မျိုးဘဲရှိတယ်၊တနည်းဆိုရရင်တော့ အရင်တုံးက ရန်ကုန်မှာ ပြောခဲ့ဘူးတဲ့ “Sedona ဆီဒိုးနား လူတန်းစား” နဲ့ ဆီတိုးစားလူတန်းစားနှစ်ရပ် ပါဘဲ။

ပြောစရာရှိဒါတွေကတော့ ပြောမဆုံးနိုင်အောင်ပါ။ ဒါပေမဲ့နောက်မျိုးဆက် လူငယ်တွေသိအောင် ပြော
လက်စနဲ့ဆက်ပြီးတော့ပြောရအုံးမယ်ခင်ဗျာ့။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်နေ၀င်းအာဏာမသိမ်းခင်က
တာတေတို့ မြန်မာနိုင်ငံတော်ကြီးက အာရှနဲ့ ကမ္ဘာ့အလယ်မှာ သယံဇာတ၊ သဘာဝအရင်းအမြစ်တွေ အလွန်
ပေါ၊ အလွန်ကြွယ်ဝခဲ့တဲ့နိုင်ငံအဖြစ် အလွန်ကြော်ကြားခဲ့ပြီး Golden Land လို့တင်စားပြီးတောင် ခေါ်ခဲ့ကြတယ်
ခင်ဗျား။ ဒါပေမဲ့ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ၂၆နှစ်ကြာ ၁၉၈၈ ခုနှစ်ကျတော့ တာတေတို့ရဲ့ရွှေနိုင်ငံတော်ကြီးကို
ကမ္ဘာ့ငမွဲနိုင်ငံစာရင်း (L.D.C Lowest Development Country) ၀င်အဖြစ် ဗိုလ်နေ၀င်းက ကျွမ်းကျင်စွာပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ တနည်းပြောရမယ်ဆိုရင်တော့ တာတေတို့နိုင်ငံသားတွေ သူဋ္ဌေးသား ကနေပြီး သူတောင်းစားတွေဖြစ်သွားဒါပေါ့ခင်ဗျား။

ပြီးတော့ ၁၉၈၈ခုနှစ်ကနေပြီးတော့ စစ်အာဏာရှင် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ အထိ
ယခု၂၀၀၇ ခုနှစ်ကျတော့ တာတေတို့ နိုင်ငံသားတွေ သူတောင်းစားအဆင့်တောင်မှ အဆင့်အတန်းရှိရှိတောင်း
မစားနိုင်တော့ပါဘူး၊ ဘာပြုလို့လဲဆိုတော့ တောင်းစားနေရတဲ့ခွက်တောင်မှ ပျောက်သွားခဲ့ရပြီခင်ဗျား။

ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှ ဓနအင်အားကိုဘဲတန်းစီစီ၊ အသိအတတ်ပညာ ပိုင်းကိုဘဲတန်းစီစီ တာတေ တို့ရဲ့သာကီမျိုးဟေ့ ဒို့ဗမာတွေက အခုတော့ နောက်ဆုံးမှာ၊ အောက်ဆုံးမှာရောက်နေ ဒါကို ရင်ထဲနင့်နင့် နဲ့ဝမ်းနည်းစွာ မြင်တွေ့နေရတဲ့ အဖြစ်ကလည်း “သေသော် မှတည့်အော် ကောင်း၏” လို့ ပြည်သူတွေကြွေးကြော်နေကြရတယ်လို့ ပြောရမယ်ဆိုရင်တော့ လွန်အံ့မထင် ပါကြောင်းပါခင်ဗျား။

တာတေတို့ရဲ့နိုင်ငံသားအများစု လယ်ကွင်းပေါ်မှာ ခွထိုင်ပြီးတော့ ထမင်းရည်တောင်ခွဲတမ်းနဲ့သောက်
နေကြရပါပြီ၊အဲဒီလို ဆင်းရဲတွင်းနက်ခဲ့ရတဲ့ ပြည်သူလူထုကြီးရဲ့ဘ၀တွေဟာ အသက်ရှင်လျက်နဲ့ သေနေကြရ
တဲ့ ဘ၀တွေအဖြစ်ခံစားလာခဲ့ကြရ ဒါတွေက စစ်အာဏာရှင်အစိုးရရဲ့ သက်တမ်းနဲ့အမျှပါ၊ အဲဒီခံစားမှုတွေရဲ့ ရေ
ချိန်တွေမြင့်လာတော့လည်း ပြည်သူလူထုကြီးရဲ့ဘ၀ဟာ “သေမထူးဘ၀” တွေအဖြစ် ခံစားလာကြရဒါလည်း ဖြစ်စဉ်တခုပါ၊ ဖြစ်ကိုဖြစ်လာရမယ်ဆိုဒါလည်း သဘာဝတရားပါ။ ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်းမှုမှကြောင့်လည်း မဟုတ်ပါဘူး၊ ဘယ်အဖျက်သမားကလည်း ဆွဲဆောင်သိမ်းသွင်းစည်းခံခဲ့ဒါလည်းမဟုတ်ပါ။ ပြည်သူလူထုကြီးရဲ့ ဘ၀ပေးခံစားချက်ကြောင့် ဖြစ်လာတဲ့သေမထူးဖြစ်လာဒါရတဲ့ဘ၀ပါ။

သေရမှာကိုတောင်မကြောက်ခဲ့ရင်တော့ “အကြောက်တရားဆိုဒါ ဂျိုနဲ့လား?” လို့မေးရတော့မှာပေါ့ဗျာ၊
ဒါကြောင့် သေရမှာတောင်မကြာက်တော့ပါဘူးဆိုမှဖြင့် လောကကြီးမှာ ဘာကိုနောက်ထပ် ကြောက်စရာလိုသေး
သလဲဗျာ၊ ဒါကြောင့်လည်းအကြောက်တရား မရှိတော့တဲ့ တာတေတို့ရဲ့ ပြည်သူလူထုကြီးက အမှန်တရားရှာလာ
တယ်ဆိုဒါကတော့ နိယာမပါ။ အဲဒါကလည်းဘာလဲလို့ဆိုတော့ “လူက လူလို ပီပီသသ စား၊ ၀တ်၊ နေရေး” ပါဘဲ။

ဒါကြောင့်လည်း သံဃာတော်များ ဦးဆောင်ပြီး ကျောင်းသားပြည်သူတို့ရဲ့တောင်းဆိုမှုက လူလိုထိုက်ထိုက်တန်တန် ချောင်ချောင်ချိချိနေ ထိုင်စားသောက်နိုင်ရေးအတွက်၊ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်ညှင်းပမ်းသတ်ဖြတ်မည့်အရေးကိုမမှုဘဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ မိမိတို့အရေးအတွက် မိမိတို့ကိုယ်တိုင် အသက်သွေးများ ပေးဆပ်ပြီး စစ်အာဏာရှင်တို့ကို တောင်းဆိုခဲ့သည့် “စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး လှိုင်းကြီး” ကသက်သေပြခဲ့ပြီလေ။

မြန်မာ့ပြည်က ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းရဲ့အကြောက်တရားကင်းပြီး ရဲဝံ့သတ္တိကို ကမ္ဘာ့ပြည်သူအပေါင်းကလည်း လေးစားစွာ အသိအမှတ်ပြုခဲ့ပြီ၊ စာနာမှုတွေပေးခဲ့ပြီ၊ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီ၊ တာတေတို့ရဲ့ အဖိနှိပ်ခံပြည်သူတို့နဲ့ တသားထည်း ညီညွတ်နေကြပြီးဖြစ်တယ်။ ဒါတွေကလည်း ရဟန်းရှင်လူကျောင်းသား၊ပြည်သူတို့ရဲ့ အကြောက်တရားကင်းပြီး အမှန်တရားကို ကိုယ်ကျိုးစွန့်တိုက်ယူခဲ့ရတဲ့ “ဓမ္မတိုက်ပွဲကြီး” ရဲ့အသီးအပွင့်တွေ ဖြစ်ပါတယ်။ အရင်ပြင်သစ်နိုင်ငံက နပိုလီယမ် ပြောခဲ့ဘူးပါတယ် “နိုင်ငံသားတိုင်းသည် မိမိနှင့်ထိုက်တန်သောအစိုးရကိုသာ ရစမြဲဖြစ်တယ်” ဒီစကားအရ ၄၅နှစ်ကျော် စစ်အစိုးရ အဆက်ဆက်က ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုကြောင့် တာတေတို့ပြည်သူတွေ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နဲ့ အကြောက်တရားကြီးမားစွာနဲ့နေခဲ့ရပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး အမှောင်ကမ္ဘာ ကျောက်ခေတ်ထဲမှာ ပိတ်ခံနေခဲ့ရပါတယ်။

ဒီ့အတွက်ကြောင့်လည်း အသိဥာဏ်မရှိ၊ ဆင်ခြင်တုံတရားမရှိ၊ ကိုယ့်လူမျိုးကိုသာ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်မှုကိုသာ နားလည်တဲ့၊ ခပ်ညံ့ညံ့စစ်အာဏာရှင်တို့က သူတို့ရဲ့ကျွမ်းကျင်မှုကြောင့် တာတေတို့ပြည်သူတွေ သူတောင်းစားခွက်ပျောက်တဲ့ကိန်းဆိုက်ခဲ့ရတယ်။

အခုခေတ်အချိန်ခါ နှစ်ဆယ့်တစ်ရာစုမှာ နည်းပညာတွေတိုးတက်မှုကြောင့် စစ်အစိုးရ က ပြည်သူတွေကို အမှောင်ချထားရတဲ့ ခေတ်ကုန်ပါပြီ၊ ကမ္ဘာကြီးရဲ့စက္ကန့်တိုင်း စက္ကန့်တိုင်း သတင်းတွေ နည်းပညာတွေ ပေါက်ကွဲနေတဲ့အခါမို့လည်း တာတေတို့ရဲ့ပြည်သူတွေ အသိရေချိန်တွေ မြင်မားလာသလို၊ နိုင်ငံရေးအသိရေချိန်တွေလည်း မြင့်မားလာကြတဲ့အတွက် အမှန်ကိုအမှန်အတိုင်း ရှု့မြင်သုံးသပ်နိုင်ကြပြီး ရဲရင့် တဲ့ ပြည်သူတွေဖြစ်လာကြတဲ့အတွက် ခပ်ညံ့ညံ့ စစ်အစိုးရ၊ လူသတ်တဲ့ စစ်အစိုးရကို အလိုမရှိကြတော့ပါဘူး။

ဒါကြောင့် ရဲရင့်တဲ့ပြည်သူတွေက သူတို့နဲ့ထိုက်တန်တဲ့ အသိဥဏ်ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့၊ ရဲရင့်တဲ့အစိုးရတရပ်ကို မရမချင်း၊ စစ်အစိုးရရဲ့ မည်သည့်ညှင်းပမ်းနှိပ်စက်မှုမျိုးကို ဂရုမစိုက်ဘဲ အကြောက်တရားကင်းရှင်းစွာနဲ့ အမှန်တရားကို လက်ကိုင်ပြုပြီး ……..

“ဒီမိုကရေစီ” ရရှိသည်အထိ “ဓမ္မတိုက်ပွဲကြီး” ကို ဆက်လက်တိုက်ပွဲ ၀င်မယ်လို့ …….. တာတေက မမှိတ်မသုန်ခိုင်ခိုင်မြဲမြဲ ယုံကြည်ပါတယ်ခင်ဗျား။

Wednesday, October 24, 2007

အ၀ီစိလမ်းစဉ်


ခလေးဘ၀ ငယ်စဉ်ခါ
အမေပြောဘူးဒါ
ဘုန်းဘုန်းတွေကို မြင်တွေ့
“ဦးတော်” “ဦးတော်” ဟေ့။

အခုတော့ ကျနော်ကြံ့ဖွတ်ပါ
ဗိုလ်သန်းရွှေ က ညွှန်ကြားဒါ
ဘုန်းဘုန်းတွေကို မြင်တွေ့
“ရိုက်ကြ” “ရိုက်ကြ” ဟေ့ ။

Thursday, October 18, 2007

ရသေ့ရှစ်သောင်းလေးထောင်ဇတ်ခေတ်ကုန်ပြီ

ကျွန်တော် မောင်တာတေတို့ မရိုးနိုင်တဲ့ပုံပြင်တပုဒ် ကိုးကားဘူးခဲ့တာကတော့ စစ်အာဏာရှင်ဝါဒကြီးကို စတင်ထူထောင်ခဲ့တဲ့ မဆလခေတ်က အစပြုလို့ မဆလဗိုလ်ချုပ်တွေခေတ်၊ ပြီးတော့န၀တဗိုလ်ချုပ်တွေခေတ်၊ ပြီးတော့ အခုနောက်ဆုံးလို့ပြောရမဲ့ န၀တဗိုလ်ချုပ်တွေခေတ်အထိ စဉ်ဆက်မပြတ်ကြားလာခဲ့ရတာ ရာစုနှစ်ရဲ့တ၀က် ကျိုးလာခဲ့ပြီခင်ဗျာ့။ နောက်ဘယ်ကာလ ဘယ်အချိန်အထိတော့ ကြားနေရအုံးမလဲ ဆိုတာကတော့ တာတေမသိ။ ဒါပေမဲ့ တာတေတို့ ပြည်သူတွေယုံကြည်ထားတာကတော့။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာဖြင့် ဒီပုံပြင်ကတော့ ရှေးဟောင်းဒဏ္ဍာရီထဲက ပုံပြင်တပုဒ်လိုဘဲ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ့။ အခုခေတ် လူငယ်တွေပြောကြသလိုဘဲဆိုရင်တော့ တာ့တာ့ ပေါ့ဗျာ။

ဒီပုံပြင်ကိုတော့ မဆလခေတ်ကထဲက ပုဂ္ဂိုလ်တော်တော်များများလည်း ကြားဘူး၊ သိဘူးကြမှာပါ။ သို့သော် နအဖ န၀တခေတ်ထဲမှာ အတိတ်ကံကြောင့် မျက်စိလည်လမ်းမှားပြီး တာတေတို့တိုင်းပြည်မှာ လူရယ်လို့ဖြစ်လာကြတဲ့ လူငယ်တွေအတွက် သိထားနားလည်ကြားဖူးကြဘို့အတွက် တာတေတို့ အဲဒီပုံပြင်ကို လက်ဆင့်ကမ်းလိုက်ဒါပါ။ ဒီပုံပြင်ကိုကြားဖူးကြတဲ့လူငယ်တွေလည်း ရှိကောင်းရှိကြပါလိမ့်မယ်။ ကြားဖူးတဲ့ပုဂ္ဂိုလ်များကလည်း တာတေတို့က ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြန်ပြီဆိုရင်လည်း နောက်မျိုးဆက်များအတွက် သည်းခံပြီးဖတ်ကြပါလို့ တောင်းပန်ရင်း ... ပုံပြင်ကတော့ ...

ရသေ့ရှစ်သောင်းလေးထောင်ဇတ်ပေါ့။ အဖြစ်က ဒီလိုပါခင်ဗျာ့။ ရွာတရွာရဲ့ ဘုရားပွဲတခုမှာ ရုပ်သေးဇတ်အဖွဲ့တဖွဲ့က သွားပြီးတော့ ကကြတယ်ပေါ့ခင်ဗျာ။ အဲဒီသွားကတဲ့ ရုပ်သေးဇတ်အဖွဲ့မှာကလည်း ရသေ့ရုပ်တရုပ်ဘဲပါတယ်ခင်ဗျာ့။ အမှန်ကတော့ ရုပ်သေးဇတ်အဖွဲ့ဆိုရင်လည်း မင်းသား၊ မင်းသမီး၊ ဘိုးတော်၊ ဇော်ဂျီရုပ်စသည်အားဖြင့် ရုပ်သေးရုပ်အမျိုးမျိုးပါရပါတယ်။ ပြီးတော့ သူ့ဆိုင်းချက်နဲ့သူ ဆိုင်ရာအရုပ်များကို တလှဲ့စီထွက် ကပြရတယ်ခင်ဗျာ့။

ဒါပေမဲ့ တာတေပြောတဲ့ဇတ်က ရသေ့ရုပ်တရုပ်ဘဲပါပါတယ်။ ညပိုင်းဇတ်ကတော့ ၉နာရီက စပြီးတော့ ၁၀နာရီ ၁၁နာရီ ၁၂နာရီအထိ ဆိုင်းချက်အမျိုးမျိုး တီးလုံးအမျိုးမျိုးနဲ့ တခါလာလည်း ရသေ့ရုပ် ပြီးတော့လည်း ရသေ့ရုပ်။ နောက်တော့လည်း ထိုနည်းလည်းကောင်း ရသေ့ရုပ်တရုပ်ထဲ ထွက်ကနေဒါကို မခံနိုင်တော့တဲ့ ရွာသားတွေကထပြီးမေးတော့၊ ဇတ်ဆရာက ပြန်ပြောတယ်ခင်ဗျာ့၊ မင်းတို့ ဘာသိလို့လည်း ဒို့ဒီညကမဲ့ဇတ်က ရသေ့ရှစ်သောင်းလေးထောင်ဇတ်ကွ။ အခုမှ ငါရသေ့ရုပ် ထွက်ကပြဒါ အကြိမ် ၃၀၀ဘဲရှိသေးတယ်။ ရှစ်သောင်းလေးထောင်မပြည့်သေးဘူးကွတဲ့။

အဲဒါနဲ့ပတ်သက်လို့ ဆရာကြီးကြေးမုံဦးသောင်းရဲ့ ဗိုလ်နေ၀င်းရဲ့စစ်ဓားပြလမ်းစဉ် ဆိုတဲ့စာအုပ်ထဲက ကောက်နုတ်ချက်လေးတခုကိုတော့ဖြင့် ရည်ညွှန်းပါရစေ။ အာရှရေးရာစာစောင် အမှတ် - ၁၅ ၁၉၉၁ မှာ ဆရာကြီးက ဒီလိုညွှန်ပြထားတယ်ခင်ဗျာ့။

လက်နက်မဲ့လူထုကို နှိပ်စက်ရဲ၊ သတ်ရဲသည်မှအပ ပညာအရည်အချင်းမရှိသော ရုပ်သေးရုပ်များကို ဦးနေ၀င်းက တရုပ်ပြီး တရုပ်တင်နေလေသရွေ့ သိမ်ဖျင်းသောစကားများကို ကြားနေကြနေရပေဦးမည်၊ ဆန်ဈေး ဆီဈေးများသည်လည်း တက်နေလေဦးမည်။ ဆရာကြီးခင်ဗျား တာတေကထပ်မံပြီးတော့ သတင်းလေးတော့ ပို့ခွင့်ပြုပါခင်ဗျား။ ဆရာကြီးပြောတဲ့ ဆီဈေး ဆန်ဈေးတင်မကတော့ပါခင်ဗျာ့။ ယခု ၂၀၀၇ခုနှစ်မှာတော့ အထွေထွေကုန်ဈေးနှုန်းတွေကတော့ဖြင့်ရင် တာဝတိ့သာမက အထက်ဗြဟ္မာ့ဘုံထိ အာကာသယဉ်များ လိုက်မမှီအောင် တက်နေပါကြောင်း သတင်းလေးတော့ပို့လိုက်ပါရစေခင်ဗျား။

အဲဒီလိုပါဘဲခင်ဗျား တာတေတို့တိုင်းပြည်မှာ ၁၉၆၂ ဗိုလ်နေ၀င်းအာဏာသိမ်းပြီးကထဲ ကကလာတဲ့ဇတ်က ရသေ့ရှစ်သောင်းလေးထောင်ဇတ်ခင်ဗျာ့။ တခါလာလည်း မွဲပြာပုဆိုး။ နှစ်ခါလာလည်း မွဲပြာပုဆိုးဆိုသလိုဘဲ။ တာတေတို့တိုင်းပြည်လည်း အာရှတိုက်က ရွှေနိုင်ငံကြီးကနေ ကမာ့္ဘအဆင်းရဲဆုံး သူတောင်းစားနိုင်ငံကြီးဘ၀ ရောက်သွားရဒါဘဲခင်ဗျာ့။ အဲဒီလိုသူတောင်းစားဘ၀ရောက်သွားအောင် ကလာခဲ့တဲ့ဇတ်က မပြီးသေးပါဘူး။ ဗိုလ်နေ၀င်းကနေ ဗိုလ်စောမောင်၊ ဗိုလ်စောမောင်ကနေ ဗိုလ်သန်းရွှေအထိ ရသေ့ရုပ်ဇတ်ကခဲ့ကြဒါ အခုအချိန်ထိ မပြီးသေးသော ပန်းချီကားတချပ်ပေါ့ခင်ဗျာ။ ရုပ်သေးဇတ်ဆရာကြီး ပြောသလိုဘဲ အခုမှအကြိမ် ၃၀၀ ဘဲရှိသေးတယ်လို့ ဗိုလ်သန်းရွှေက ဆက်ပြီးတော့ ပြောနေတုံးပါဘဲ။

ဒါကြောင့်လည်း ဇတ်ဆရာကြီးဗိုလ်သန်းရွှေက ဆက်ပြောနေတုံးပါဘဲ။ ရှစ်သောင်းလေးထောင် မပြည့်မချင်း ဒို့ဆက်ကမယ်။ ဒါကြောင့် ပြည်တွင်းက သန်း၅၀ကျော် ပြည်သူတွေ ဘာပြောပြော ကမ္ဘာပေါ်က ဘယ်ခေါင်းဆောင်ဆိုတဲ့လူတွေ ဘာပြောပြော၊ ကုလသမဂ္ဂမကလို့ ကုလသမဂ္ဂဘိုးအေတွေ ပြောပြော။ ဂရုမစိုက်ဘူး။ ဒို့ရဲ့စစ်တပ် နန်းစဉ်နန်းဆက်ဝါဒကြီးဖြစ်တဲ့ ရသေ့ရှစ်သောင်းလေးထောင်ဇတ်ကြီးကို Carry On ဘဲလို့ တိုင်းပြည်ရဲ့ကိုယ်စားလည်တွေ ဘယ်သူမှမပါတဲ့ညီလာခံကြီးကို အကြောင်းပြုပြီးသကာလ ပြောနေတုံး ပြောနေစဲပါဘဲ ပရိသတ်တို့ရေ။

တာတေတို့နာခဲ့ဘူးတဲ့ တရားတပုဒ်ကိုတော့ ဖောက်သည်ချရအုံးမယ် ခင်ဗျာ့။ တော်တော်ကြာ တာတေ့ကို ပုံပြောကောင်းတဲ့ဦးဦးလို့ ချီးမြှောက်ခံရမှာကိုလည်း ပြောကြမှာကို စိုးတယ်ခင်ဗျာ့။ ဒါပေမဲ့ပြောရေးရှိတော့ ပြောပြရမဲ့ဝတရားရှိတဲ့အတွက်တော့ နောက်လူငယ်တွေ သိထားဘို့အတွက် တာတေတို့ ဂိမ်းဘောမဆိုက်ခင် ပြောစရာရှိဒါတွေကိုတော့ ပြောထားရအုံးမယ်ဗျာ။ ဒီလိုဒီလိုခင်ဗျာ့ ...

အရင်တုံးက အနီးစခမ်းဆရာတော်ကြီးဟောသွားခဲ့တဲ့ သံကွင်းဆက် တရားတော်ကြီး နာဘူးဒါက တိုင်းပြည်တပြည်မှာ အုပ်ချုပ်မင်းလုပ်တဲ့ဘုရင်တပါးက တော်တော်လေးဆိုးတယ်တဲ့၊ မဟုတ်တဲ့နေရာမှာလည်း တော်တော်လေးလည်း သောင်းကျန်းတယ်။ (အဲဒီအခါကတော့ နအဖ ဗိုလ်သန်းရွှေတော့ ဖြစ်နေရော့သလားတော့ မသိပေါ့နော့)။ ဒါပေမဲ့ဒီလောက်ဆိုးတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ဘုရင်ကို ပြည်သူတွေက ဘုန်းကြီးပါစေ၊ သက်တော်ရာကျော်ရှည်ပါစေလို့ ၀ိုင်းပြီးဆုတောင်းပေးနေကြတယ်ခင်ဗျာ့။

ဒါကို ဘုရင်ကိုယ်တိုင်ထွက်ပြီး စနဲနာတော့ အမေအိုကြီးတယောက်ကလည်း ဒီလိုဆုတောင်းနေဒါကို ဘုရင်ကိုယ်တိုင်တွေ့ရတော့ အမေအိုကြီးကို ဘုရင်ကမေးသတဲ့။ ဒီလောက်ဆိုးပြီး သောင်းကျန်းနေတဲ့ဘုရင်ကို ဘာပြုလို့ သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းရသလဲလို့ မေးသတဲ့ခင်ဗျာ။ အမေအိုကြီးက ဒီလိုဖြေပါတယ် အရင်တုံးက ဘုရင်တပါး ဒီတိုင်းပြည်မှာ အုပ်ချုပ်ခဲ့ဘူးပါတယ်။ တိုင်းသူပြည်သားတွေအပေါ်မှာ ညှင်းပမ်းနှိပ်စက်လွန်းလို့ တတိုင်းပြည်လုံးက ပြည်သူတွေက၀ိုင်းပြီးတော့ မြန်မြန်သေပါစေဆိုပြီး မေတာပို့လိုက်ကျလို့ အဲဒီဘုရင်လည်း သေချင်းဆိုးနဲ့ သေသွားတယ်။ နောက်ထပ်တက်လာတဲ့ ဘုရင်ကလည်း နောက်တက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသလိုဘဲ ။အရင်ကဘုရင်ထက် ပိုပြီးဆိုးတယ်။ အဲဒီတော့လည်း တိုင်းသူပြည်သားတွေက ထုံးစံအတိုင်းဘဲ ၀ိုင်းပြီးဆုတောင်းလိုက်ကြတဲ့အတွက် ကာလနာတိုက်သွားပြန်ရော။

ဟော ... အခုတက်လာတဲ့ ဘုရင်က အရင်ကသတ၀ါတွေထက် ဆယ်ပြန်မက ပိုပြီး မိုက်ရိုင်းတယ် ရက်စက်တယ် ယုတ်မာတယ် ။ တရုတ်ကားတွေထဲကလိုဘဲ စူ့ထက်စူ လူစွမ်းကောင်းတွေလေ။ (ရက်စက်တဲ့နေရာတွေမှာပြောဒါ)။ အဲဒါကြောင့် အရင်လိုတော့ ဆုတောင်းလို့မဖြစ်ဘူး။ ဒီသတ္တ၀ါ ကာလနာတိုက်သွားပြန်ရင် သူ့ထက် အပြန်တရာဆိုးတဲ့သတ္တ၀ါ ပေါ်လာမှာစိုးလို့ လက်ရှိ ဒီသတ္တ၀ါကို အသက်ရှည်ပါစေလို့ ဆုတောင်းနေရတယ်လို့ အမေကြီးက လူစိတ်မရှိတဲ့ သနားညှာတာမှုမဲ့တဲ့ အာဏာရှင်ကြီးကို ပြန်ပြောလိုက်တယ်ခင်ဗျာ့။ နာဘူးခဲ့တဲ့ တရားကတော့ ဒါပါဘဲ။ ပြီးတော့ တာတေခေါင်းထဲမှာ စကားပုံလေးတခုက ၀င်လာပြန်ရော။ ဘာတဲ့ “ဆရာထက် တပည့်က လက်စောင်းထက်”ဆိုသလိုဘဲ။ ဗိုလ်နေ၀င်းပြီးတော့ ဗိုလ်စောမောင်။ အခုတော့ အားလုံးကတော့အဆင့်ဆင့် ကိုသာဆိုးတွေချည်းပါဘဲဗျာ။

သေချာတဲ့ ဥပမာတခုလောက်တော့ တင်ပြချင်ပါသေးတယ်။ အရင်ဗိုလ်နေ၀င်းလက်ထက်က တိုင်းတတိုင်း ဒါမှမဟုတ် ပြည်နယ်တခုကို အုပ်ချုပ်ခဲ့ရတဲ့ စစ်ဗိုလ်တယောက် တသက်လုံးခိုးလို့ရခဲ့တဲ့ ပစ္စည်းဥစ္စာစည်းစိမ်က အခုဗိုလ်သန်းရွှေလက်ထက်မှာ မြို့နယ်သို့မဟုတ် ရပ်ကွက်ဥက္ကဌတယောက်က ရက်ပိုင်း လပိုင်းအတွင်းခိုးလို့ရတဲ့ စည်းစိမ်ဥစ္စာနဲ့ အတူတူဘဲခင်ဗျာ့။ ကိုင်းဘယ်နှယ့်ရှိစ ပရိသတ်တို့ရေလို့သာ ဟစ်လိုက်ချင်တော့တယ်ခင်ဗျာ။

ဗိုလ်နေ၀င်းလက်ထက်ကလည်း ကမ္ဘာပ်ါမှာ ဘယ်ဆိုရှယ်လစ်နဲ့မှမတူတဲ့ ကလိန်ခြုံ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် နဲ့ ခေတ်မှီအေးချမ်းသာယာတဲ့ လူဘောင်သစ်ကြီးကို ထူထောင်ကြဘို့ဆိုပြီးတော့ ၁၉၇၄ခုနှစ်က ဖြူလည်းဖြူ မဲလည်းဖြူခဲ့ရတဲ့ ပြည်သူတွေရဲ့ဆန္ဒကို မုဒိမ်းကျင့်ပြီး ၁၉၇၄ အခြေခံဥပဒေကို ပြဌာန်းပြီး စစ်အာဏာကို ထူထောင်ခဲ့တယ်။ အခုလည်း ရွှေမန်းဦးတင်မောင်ဆိုခဲ့သလိုဘဲ ဗိုလ်သန်းရွှေက ကျနော်လည်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်းဆိုပြီး ခုနှစ်ထွေကကြိုးနဲ့ ဟစ်နေပြန်ပြီပေါ့ဗျာ။

နောက်လူသာစမြဲ ဒီထက်ပိုသေးဆိုသလိုဘဲ စစ်အာဏာ ကမ္ဘာတည်သရွေ့ မြဲစေဖို့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံပေါ်ပေါက်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ဘာညာကွိကွနဲ့ မျက်နှာဖုံးအမျိုးမျိုးစွပ်ပြီး ကမ္ဘာကိုရော တာတေတို့ တိုင်းသူပြည်သားတွေကို ကလိန်ကကျစ်လုပ်ဘို့ ကြိုးစားနေတယ်ဆိုဒါကို အထွေအထူးပြောဘို့မလိုတော့ဘူးဆိုတာ အားလုံးအသိ။ ခွေးကစပြီး သိကြပါတယ်။

ကမ္ဘာပေါ်မှာ ကြာတကာ့ ထိပ်ခေါင်လို့ဆိုရမဲ့ ညီလာခံကြီးကလည်း ၁၉၉၃ခုနှစ်ကစခဲ့ဒါ အခု ၂၀၀၇ခုနှစ် ရောက်ပြီ။ အချိန်ကာလအားဖြင့်လည်း ဆယ့်လေးနှစ်ကျော်ကြာခဲ့ပေါ့။ တရားမ၀င်တဲ့။ ရဟန်းရှင်လူ ပြည်သူအပေါင်းက အသိအမှတ်မပြုတဲ့ညီလာခံကို အကောင်းဆုံးလုပ်နေဟန်တူပုံ ရပါတယ်ခင်ဗျာ့။ ဒါကြောင့် လေမလာကြာတိုင်းကောင်း ဆိုသလိုဘဲ အခုအချိန်ထိကို အပြီးမသတ်နိုင်သေးဒါထင်ပါ့ဗျာ။ တာတေက မိတ်ဆွေတယေက်ကို ညီလာခံဘယ်တော့ပြီးမလဲ လို့ မေးမိတယ်ခင်ဗျာ့။ မိတ်ဆွေက လက်တဘက်က လက်လေးချောင်းနဲ့ ကျန်တဘက်က လက်တချောင်း ထောင်ပြတယ်။ ဘာလဲဗျာ့လို့ဆက်မေးတော့။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာရင် ပြီးမယ်တဲ့။ တခြားတော့ တာတေမသိပါ။ အဘိဓမ္မာရဲ့အဆိုအရတော့ ဖတ်ဖူးဒါကတော့ တကမ္ဘာမှာကြာတဲ့ နှစ်ပေါင်းကတော့ တစ်နောက်က သုညအလုံးပေါင်း
၁၆၀ တိုးလိုက်ရင် အဲဒါကြာတဲ့ နှစ်ပေါင်းဘဲတဲ့။ အော်အော်လို့ ယောင်လို့တောင် အော်မိပါသေးခင်ဗျာ့။

၈၈၈၈ ပြည်သူတရပ်လုံးကတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီးမှာ ဗိုလ်နေ၀င်းက စစ်ပလင်ကို ဗိုလ်စောမောင်ဆီ အမွေပေးခဲ့တယ်။ ဗိုလ်စောမောင်ကလည်း အဖေကြီးရဲ့ အမွေခံသားပီပီ လက်နက်ဆိုလို့ အပ်တိုတချောင်းမရှိတဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ရဟန်းရှင်လူပြည်သူလူထုကြီး (မူလတန်းကျောင်းသားလေးများအပါအ၀င်) ကို ရက်ရက်စက်စက် ချေမှုန်းပစ်သတ်ခဲ့ပြီးတော့ သွေးစွန်းထင်နေတဲ့အမွေကို ကြေကြေနပ်နပ်ကြီး ဆက်ခံခဲ့တယ်။

၁၉၈၈ စက်တင်ဘာလ ၁၈-၁၉-၂၀ ရက်နေ့များကဆိုရင် တာတေတို့ရဲ့ တိုင်းပြည်အတွင်းမှာ တောင်ခိုးဝေေ၀ –မြူတွေဆိုင်းဆိုင်း မဟုတ်ဘဲ။ ယမ်းငွေ့ဝေေ၀-တဒိုင်းဒိုင်း ဖြစ်ခဲ့ဘူးဒါ အားလုံးအသိပါ။ အဲဒီကာလကလည်း ဗိုလ်စောမောင်က န၀တရဲ့ ဥက္ကဌ၊ ဗိုလ်သန်းရွှေက ဒုဥက္ကဌ၊ ဗိုလ်မောင်အေးက န၀တအဖွဲ့ဝင်တဦးပါ။ ကျန်ဗိုလ်ခင်ညွန့်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မျိုးညွန့်၊ ဗိုလ်အေးသောင်၊ ဗိုလ်ကျော်မင်း၊ ဗိုလ်မောင်သင့်၊ ဗိုလ်သန်းညွန်၊ ဗိုလ်တင်ထွန်း၊ ဗိုလ်မောင်မောင်ခင် စသည် စသည့် ဗိုလ်များကတော့ ဟင်္သာကိုးသောင်းဇတ် ခင်းသွားခံရသူများ ဖြစ်ကြပါတယ်။ ဒီနေရာမှာ ဟင်္သာကိုးသောင်းဇတ်ကိုတော့ မသိ
သေးတဲ့ လူငယ်တွေအတွက် တာတေ အနည်းငယ်ရှင်းပြပါရစေ။ ဟင်္သာကိုးသောင်းဇတ်ဆိုဒါ ဇတ်တူသားတွေ အချင်းချင်းစားကြလို့ ဟင်္သာကိုးသောင်းမျိုးပြုတ်သွားတဲ့ဇတ်ပါ။ အဲဒီတော့ တာတေခံစားမိသလို ပြည်သူတရပ်လုံးလည်း ခံစားမိကြမယ်လို့ ယုံကြည်မိပါတယ်။

န၀တ တဖြစ်လဲ လက်ရှိနအဖက ယခုဆိုရင် နှစ်နှစ်ဆယ်ပြည့်တော့မယ်ခင်ဗျာ့။ နှစ်တွေလည်းကြာလာဒါနဲ့အမျှ သူတို့ထဲမှာ အုပ်စုဖွဲ့ပြီး တိုက်နေတဲ့တိုက်ပွဲတွေကလည်း မလွဲမသွေ၊ စားခွက်လုနေတဲ့တိုက်ပွဲတွေကလည်း တနေ့ထက် တနေ့ ပိုပိုပြင်းထန်လာနေဒါကို တာတေတို့ ပြည်သူတွေကခေါင်းခဲပြီးတော့ တွေးနေစရာမလိုပါဘူးခင်ဗျာ့။ သူတို့ကတဲ့ဇတ် အပြောင်းအလဲကို ကြည့်ရုံမျှနဲ့ မြင်သာပါတယ်ခင်ဗျာ့။ အခုတော့ ဇတ်ဆရာကြီး ဗိုလ်သန်းရွှေက ဇတ်ပြောင်းကနေပြီခင်ဗျာ။ ရသေ့ရှစ်သောင်းလေးထောင်ဇတ် ကနေပြီးတော့ကာ ဟင်္သာကိုးသောင်းဇတ်ကို ပြောင်းနေဒါ ငြင်းမရတဲ့ဇတ်ကွက်ပါခင်ဗျား၊

တလက်စထဲ တာတေပြောပါရစေခင်ဗျား။ န၀တလက်ထက် ၁၉၉၀ခုနှစ် မေလ၂၇ ရက်နေ့က န၀တကြီးကိုယ်တိုင်ဦးစီးပြီး နိုင်ငံတ၀ှမ်းသမိုင်းဝင် ရွေးကောက်ပွဲကြီးကို ပြုလုပ်ခဲ့ပေးပြီး န၀တကြီးကရော ကမ္ဘာကရော မြန်မာတနိုင်ငံလုံးကရော သန့်ရှင်းတယ် တရားမျှတတယ်လို့ အားလုံးကလည်း သမိုင်းဝင်အသိအမှတ်ပြခဲ့ကြတယ်။ အဲဒီရွေးကောက်ပွဲကြီး မကျင်းပခင်ကရော ကျင်းပပြီးတော့ရော အဲဒီအချိန်က န၀တဥက္ကဌ ဗိုလ်စောမောင်ကပြောတယ်၊ ကျနော်တို့ စစ်တန်းလျားကို ပြန်မှာပါ။ အခြေခံဥပဒေကြီးကိုတော့ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဆွဲကြပါ။ နောင်တချိန်မှာ သမိုင်းတရားခံအဖြစ် မခံနိုင်လို့ ကျနော်တို့စစ်တပ်ကမပါဘူးလို့ အဲဒီလို တိတိကျကျပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး ယခုသွားလေသူ ဗိုလ်ခင်ညွန့်ကလည်း ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကြီးက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်များသာပါဝင်ပြီး အခြေခံဥပဒေကိုရေးဆွဲဖို့ န၀တရဲ့ အမိန့်ကြေငြာအမှတ် ၁/၉၀ ကို ပုံ ခင်ညွန့် ဆိုပြီး ထုတ်ပြန်ပြီးသားပါဗျာ။ အဲဒီကြေငြာချက် မှင်တွေတောင်မှ မခြောက်သေးပါဘူးခင်ဗျာ။

တာတေတို့ ပြည်သူတွေကို ၂၀၀၄က အစပြုပြီးတော့ သွားလေသူ ဗိုလ်ခင်ညွန့်က ခုနှစ်ထွေကကြိုးနဲ့ Road Map ဆိုဒါကိုပြောခဲ့ဒါ အခုအချိန်အထိ ကြားနေရတယ်။ တာတေတို့ နားမလည်ဒါက အဲဒီလမ်းပြမြေပုံဆိုတဲ့ဟာမှာ ရွေးကောက်ပွဲ ဆိုတာပါနေတယ်။ တာတေတို့ တိုင်းပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲကြီးက ရှိပြီးသားပါ။ ၁၉၉၀ ရွေးကောက်ပွဲကြီးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကြေငြာချက်ကိုလည်း လက်ရှိနအဖမှလည်း တရားဝင်ထုတ်ပြန်ခြင်းလည်း မရှိသေးပါ။
၁၉၉၀ ရွေးကောက်ပွဲကြီး တရားဝင်တည်ရှိပါလျက်နဲ့ နောက်ထပ်ရွေးကောက်ပွဲဆိုတာလည်း ကမ္ဘာပေါ်မှာ မကြားဘူးခဲ့သလို မြန်မာပြည်မှာလည်း ဒါမျိုးမရှိခဲ့ဘူးပါ။ အခုတော့ ယခင်န၀တတဖြစ်လဲ နအဖဗိုလ်ချုပ်ကြီးများကိုယ်တိုင် ၁၉၉၀ရွေးကောက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်ပြီး အသဲကြားက မဲတပြားကိုထည့်ခဲ့တယ်ဆိုတာကလည်း ငြင်းမရပါဘူးခင်ဗျာ။ တာတေတို့ အကြံပေးချင်ပါတယ်။ ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်လက်နဲ့ရေးခဲ့ဒါကို ခြေနဲ့မဖျက်ကောင်းပါဘူးခင်ဗျား။ လူမှာဂတိ မင်းမှာသစာဆိုသလိုဘဲ သစ္စာတရားကို စစ်သားကောင်းပီပီ ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြလိမ့်မယ်လို့ တာတေတို့ ပြည်သူတရပ်လုံးကလည်း ယုံကြည်ကိုးစားနေစဲပါ။

နှလုံးသားနဲ့တည်ဆောက်ထားကြတဲ့ လူသားတွေမှာ လူသားမှန်ရင် ဓမ္မနဲ့ အဓမ္မအနက် ရွေးချယ်ကြမယ်ဆိုရင် ဓမ္မကိုဘဲ ရွေးချယ်ကြမှာ ဓမ္မတာပါ။ မျက်မှန်စိမ်းတတ်ထားခံခဲ့ရရင်လည်း ထိုမျက်မှန်စိမ်းများကိုချွတ်ပြီး အမှန်တရားကို မြတ်နိုးကြတဲ့ပြည်သူလူထုကြီးနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြပါ။ အဘက်ဘက်ကချွတ်ချုံကျနေတဲ့ ပြည်သူလူထုကြီးကို စာနာမှု ညှာတာထောက်ထားမှုတွေ ကြင်နာမှုတွေကို ဗိုလ်ချုပ်ကြီးများ ပေးဆပ်နိုင်လိမ့်မယ်လို့ တာတေတို့ ပြည်သူတရပ်လုံးက ယခုတိုင်မျှော်လင့်နေစဲပါ။

ဒီလိုမှမဟုတ်ရင်တော့ ဗိုလ်ချုပ်ကြီးများကနေတဲ့ ရသေ့ရှစ်သောင်းလေးထောင်ဇတ် မှ ဟင်္သာကိုးသောင်းဇတ် အဲဒီကမှတဆင့် အလုံးစုံပျက်သုဉ်းရေးဇတ်အထိ ဆက်ကနေရမှာတော့ သေချာတယ်ခင်ဗျာ့။ အဲဒီလိုဆိုရင်တော့ တာတေတို့ရဲ့ နောက်မျိုးဆက်တွေအတွက်ကတော့ အလွန့်အလွန်ဝမ်းနည်းကြေကွဲဖွယ်ကြီးပါ။ တာတေတို့ ဂိမ်းဘောဆိုက်နေတဲ့ အရွယ်တွေအတွက်ကတော့ ပြသနာမရှိပါ။ အနာဂတ်မျိုးဆက်တွေအတွက် တာတေတို့က အယူခံဝင်ပြောဆိုနေရဒါပါ။

ဒါကြောင့် ဗိုလ်ချုပ်ကြီးများကို တာတေတို့ တိုက်တွန်းချင်ဒါက မလွှဲသာလို့ကခဲ့ရတဲ့ ရသေ့ဇတ်၊ ဟင်္သာဇတ်တွေကို ရပ်နားချိန်တန်ပါပြီ။ ပြည်သူလူထုနဲ့ပူးပေါင်းပါဝင်ပြီး ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းနိုင်ပါစေ။ တာတေတို့ရဲ့ ပြည်သူလူထုကြီးတရပ်လုံးကလည်း ပူးပေါင်းပါဝင်ကူညီနိုင်ကြပါစေလို့ တာတေက ဆုတောင်းလိုက်ပါကြောင်းပါခင်ဗျား။


မှတ်ချက်။ ။ ဒီအကြောင်းအရာတွေကို တာတေ ၂၀၀၇ ဂျွန်လလောက်ကထဲက ရေးခဲ့ပြီး သက်ဆိုင်ရာတွေ ဆီကိုတော့ ပို့ခဲ့ပါတယ်။ ဒါပေမဲ့ တာတေရဲ့ အရေးအသားတင်ပြမှု ညံ့နေလို့ ပရိသတ်တွေ မသိခဲ့ရပါဘူး ။အခုလို Blog တွေမှာ ရေးလို့ရပြီဆိုတော့ တာတေရဲ့ Blog မှာ လူ့အရေးအတွက် တာတေရဲ့ လူ့အတွေးများကို အားပေးကြည့်ရှု ဝေဖန်နိုင်ကြပါတယ်လို့ လေးလေးစားစား ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျား။

Friday, October 12, 2007

ဓမ္မတို့ရဲ့တိုက်ပွဲကြီး

အခုတော့ ဓမ္မ၀ါဒီတို့ရဲ့

ရွှေဝါရောင်တော်လှန်ရေးလှိုင်းကြီး ရဲ့ လှိုင်းပုတ်သံကို ကမ္ဘာတုန်အောင်ကြားနေရပါပြီ။

ကမ္ဘာ့လူထုတရပ်လုံးက မိစ္ဆာ၀ါဒီ စစ်အာဏာရှင်တစုက

ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဗုဒ္ဓဘာသာရဟန်းသံဃာတော်များ၊

ကျောင်းသားလူငယ်များ၊ ပြည်သူများကို ရက်ရက်စက်စက် ရိုက်နှက်ညှင်းပမ်း၊ ပစ်ခတ်မှုများကို မျက်မျက်ဝါးဝါးထင်ထင် ၀မ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ကြသလို ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုများကို ဂရုမစိုက်ဘဲ မိမိတို့ရဲ့ တရားမျှတသော အခွင့်အရေးများအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသားတို့ရဲ့ အသက်ပေးစွန့်လွှတ်မှု၊ သတိပြောင်မြောက်စွာပေးဆပ်မှုတို့ကို မယုံကြည်နိုင်လောက်အောင်၊ ကမ္ဘာ့လူထုကြီးတရပ်လုံးက အံ့မခန်းတွေ့မြင်ခဲ့ရပြီး “ကမ္ဘာ့လူ့သမိုင်း” မှာ အကြီးကျယ်ဆုံး၊ အကြီးမားဆုံးသော စာနာမှုကြီးနဲ့အတူ World Action Day ကနေပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေသော ရဟန်းသံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများနဲ့တသားထဲ ညီညွတ်စွာရှိနေကြာင်းကို ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲများကို ကမ္ဘာ့ပြည်သူလူထုကြီးတရပ်လုံးက ညီညီညွတ်ညွတ် ထုတ်ဖေါ်သက်သေပြလိုက်ကြပြီ။

ဒါကြောင့် တာတေတို့ရဲ့ ရဟန်းသံဃာတော်များဦးဆောင်ပြီး ကျောင်းသား၊ ပြည်သူအပေါင်းတို့ တိုက်ပွဲဝင်နေတဲ့

“ဓမ္မတို့ရဲ့တိုက်ပွဲကြီး” အောင်ရမယ်လို့

မမှိတ်မသုန် မြဲမြဲခိုင်ခိုင် ယုံကြည်တယ်။

ရွှေဝါရောင်လှိုင်း မှတ်တမ်းဒိုင်ယာရီ

နိုင်ငံတော်သစ်ဆီသို့

ဓမ္မရံကြီး

ဒဏ္ဍာာရီထဲက ငရဲခန်းတပုဒ်

မင်းဆိုးမင်းညစ် လူဗလာတို့ အုပ်စိုးစဉ်က

ညညအခါ ကြားပြန်ရသည်

ပြည်သူတို့ရဲ့ ညည်းတွားသံများ …

ရာစုနှစ်များ ဖြတ်ကျော်လာပြီး

နှစ်ဆယ်ရာစု ခြောက်ဆယ်စွန်းထိ

ငါတို့တိုင်းပြည် ကျော်ကြားလှဘိ

အာရှတိုက်ရဲ့ ရွှေနိုင်ငံကြီး ''Golden Land'' ပေါ့၊

စစ်ဝါဒီတို့ အာဏာထူထောင်

သိမ်းပိုက်မှုကြောင့်

ပြည်ကျိုးစီးပွားပျက်ခဲ့ရပြီ

ရွှေဗမာတို့ ကြေးဖြစ်ခဲ့ပြီ

ဒင်းတို့ကြောင့်

ယခုတဖန် သောသောညံပြီး

ဆောင်တိုင်းမြောက်သည့် ပညာခေတ်ဝယ်

ဒို့များမပါ ကိုရွှေဗမာ …

ဒီပြင်ပိုသေး ဓမ္မရံထက်

ဆယ်ပြန်တိုးသည့်

ပြည်သူတို့ရဲ့ ရင်းတွင်းစကား

ညည်းတွားသံက …

ကုန်ဈေးနှုန်း ကုန်ဈေးနှုန်း အာကာမိုးယံကျော်လို့လွှား

ကျန်းမာရေး ကျန်းမာရေး နတ္ထိဗလာ ဆေးမပါ

ပညာရေး ပညာရေး သူလည်းဗလာ မတတ်ပါ

လူမှုရေး လူမှုရေး ဘ၀ဂ်တိုင်အောင် ဆင်းလို့ပြေး

ကျန်တာနတ္ထိ ဘာမှမရှိ

ဒီလိုဘဲကြည့်နေလို့သာ ပြီးမှာလား မောင်ရေ့။

Thursday, October 11, 2007

ယဉ်ကျေးမှုများဆိတ်သုဉ်းလာခြင်း

  • ၁၉၆၀ ပထစ

ကြက်ဆီပြန်က တခွက်

ဝက်သားနီလံက တပွဲ

ငါးခြောက်က တပုဂံ

ဟင်းရံကတပွဲ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာက တပွဲ

ဒို့အိမ်က ထမင်းပွဲ။

  • ၁၉၇၀ မဆလ

ငါးခြောက်က တပုဂံ

ဟင်းရံက တပွဲ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာက တပွဲ

ဒို့အိမ်ကထမင်းပွဲ။

  • ၁၉၈၀ မဆလ

ငါးခြောက်က တပုဂံ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာ ကတပွဲ

ဒို့အိမ်က ထမင်းပွဲ။

  • ၁၉၉၀ န၀တ

ချဉ်ပေါင်ကျော် ငပိနဲ့

ဒို့အိမ်က ထမင်းပွဲ။

  • ၂၀၀၀ နအဖ

တို့စရာ ငပိနဲ့

ဒို့အိမ်က ထမင်းပွဲ။

  • ၂၀၀၇ နအဖ

ထမင်းရည် သောက်တဲ့ပွဲ

ခွဲတမ်းနဲ့ ဆင်နွှဲ

ဒို့အိမ်က ထမင်းပွဲ။