Friday, October 12, 2007

နိုင်ငံတော်သစ်ဆီသို့

ဓမ္မရံကြီး

ဒဏ္ဍာာရီထဲက ငရဲခန်းတပုဒ်

မင်းဆိုးမင်းညစ် လူဗလာတို့ အုပ်စိုးစဉ်က

ညညအခါ ကြားပြန်ရသည်

ပြည်သူတို့ရဲ့ ညည်းတွားသံများ …

ရာစုနှစ်များ ဖြတ်ကျော်လာပြီး

နှစ်ဆယ်ရာစု ခြောက်ဆယ်စွန်းထိ

ငါတို့တိုင်းပြည် ကျော်ကြားလှဘိ

အာရှတိုက်ရဲ့ ရွှေနိုင်ငံကြီး ''Golden Land'' ပေါ့၊

စစ်ဝါဒီတို့ အာဏာထူထောင်

သိမ်းပိုက်မှုကြောင့်

ပြည်ကျိုးစီးပွားပျက်ခဲ့ရပြီ

ရွှေဗမာတို့ ကြေးဖြစ်ခဲ့ပြီ

ဒင်းတို့ကြောင့်

ယခုတဖန် သောသောညံပြီး

ဆောင်တိုင်းမြောက်သည့် ပညာခေတ်ဝယ်

ဒို့များမပါ ကိုရွှေဗမာ …

ဒီပြင်ပိုသေး ဓမ္မရံထက်

ဆယ်ပြန်တိုးသည့်

ပြည်သူတို့ရဲ့ ရင်းတွင်းစကား

ညည်းတွားသံက …

ကုန်ဈေးနှုန်း ကုန်ဈေးနှုန်း အာကာမိုးယံကျော်လို့လွှား

ကျန်းမာရေး ကျန်းမာရေး နတ္ထိဗလာ ဆေးမပါ

ပညာရေး ပညာရေး သူလည်းဗလာ မတတ်ပါ

လူမှုရေး လူမှုရေး ဘ၀ဂ်တိုင်အောင် ဆင်းလို့ပြေး

ကျန်တာနတ္ထိ ဘာမှမရှိ

ဒီလိုဘဲကြည့်နေလို့သာ ပြီးမှာလား မောင်ရေ့။

0 ယောက် အကြံပြုသွားတယ်: