Saturday, December 29, 2007

မှတပါး အခြားမရှိ

ဝေဒနာ……………
“ လူ ” ……… “ လူး” ခဲ့ရတဲ့
သန်းငါးဆယ်ကျော် ငါတို့ဘဝ

Ô ဦးနှောက်ပြည့်စုံ ရှိသော်ငြားလည်း
မတွေးနိုင်၊ မခေါ်နိုင်

Ô လက်တွေဆယ်ချောင်း ပြည့်စုံပါလည်း
မရေးနိုင်၊ မလုပ်နိုင်

Ô ဖဝါးခိုင်ခိုင် ချနိုင်သော်လည်း
မသွားနိုင်၊ မလှမ်းနိုင်

Ô နှုတ်ခမ်းလှုပ်ရှား ရွေ့နိုင်ငြားလည်း
မပြောနိုင်၊ မဆိုနိုင်

Ô သဒ္ဒါကြည်လင် ထက်သန်ငြားလည်း
မပေးနိုင်၊ မလှူနိုင်

ဝေဒနာကုထုံး………………….
တွေး၊ခေါ်….. ရေး၊လုပ်
သွား၊ရွေ့…….ပြော၊ ဆို၊ ပေး
လှူနိုင်ဖို့………….ဒို့ပြည်သူတွေ

Ô စည်းလုံးညီညွတ် အားအင်စုလို့
ဒုတ်ဆိုရင်ဒုတ်၊ ဓါးဆိုရင်ဓါး
ရ ရာကိုင်ဆွဲ၊ တိုက်ပွဲဝင်စို့
စစ်အာဏာရူး လူတစုကို
ညက်ညက်ခြေမှုန်း တော်လှန်ရေးမှ
မှတပါး အခြားမရှိ

0 ယောက် အကြံပြုသွားတယ်: