Friday, April 11, 2008

ဒီလိုဘဲကြည့်နေရုံနဲ့ ပြီးကြစတမ်းလား

အခုတလောနအဖရဲ့ အမိန့်ကြေငြာချက် ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ထွက်လာပြီးနောက်မှ တကမ္ဘာလုံး ပွက်ပွက်ညံအောင် အသံတွေကြားနေရတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကိုအတည်ပြုဖို့ ၂၀၀၈/မေလမှာလုပ်မဲ့ ကိစ္စအတွက်ဘဲပေါ့ခင်ဗျာ၊ အခုမှဒီကိစ္စကို ပြည်တွင်းကရော၊ ဗမာ့ဒီမိုကရေစီရေးကို ထောက်ခံကြပါတယ်ဆိုတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတော်တော်များများက ကန့်ကွက်ကြပါဆိုပြီး ပြောလာကြဒါကိုကျနော်နားမလည်ပါဘူးခင်ဗျာ။ ဗိုလိသန်းရွှေ ကလည်း ယခု၆၃နှစ်မြောက် တော်လှန်ရေးနေ့မှာ အခုအတည်ပြုမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာမဲ့ အစိုးရကို အာဏာအပ်ပါမယ်ဆိုပြီးတော့ သံယောင်လိုက်ပြီးဟစ်လိုက်ပြန်ပါတယ်၊ဒါလည်းတကယ်ဘဲလား?
အဟုတ်ကိုဘဲလား?လို့ မေးရမယ်ဆိုရင်တော့ အဖြေကတော့ရှင်းပါတယ်၊ ဘုရား၊တရားနဲ့ ဘာသာရေးကိုင်းရှိုင်း
တဲ့ဗိုလ်သန်းရွှေ ထုလိုက်တဲ့ ကြေးစည်ကထွက်လာတဲ့အသံလိုဘဲပေါ့ “မထင်-မထင်”ပေါ့ဗျာ။ ဒါကလည်းအကျိုး
အကြောင်းမရှိဘဲရမ်းသမ်းပြောနေဒါမဟုတ်ပါဘူး၊ အခုနအဖလို့ခေါ်တဲ့ အရင်နဝတ တုံးကလည်း ၁၉၉၀ရွေး
ကောက်ပွဲတုံးကလည်း အနိုင်ရတဲ့ပါတီကို အာဏာအပ်မယ်၊ ပြီးရင်စစ်တန်းလျားကိုပြန်ပါမယ်လို့ ဂတိတွေအ
ထပ်ထပ်အခါခါပေးပြီးတော့ ရွေးကောက်ပွဲကြီးကိုသန့်သန့်ရှင်းရှင်းအောင်အောင်မြင်မြင်နဲ့ ကျင်းပပေးခဲ့ဒါလည်း
ကမ္ဘာသိဖြစ်ပါတယ်၊ အဲဒီတုံးက နဝတ ဒုတိယဥက္ကဌက ယခုနအဖဥက္ကဌတဖြစ်လဲ ဗိုလ်သန်းရွှေပါ။အရင်တုံးက
ရွေးကောက်ပွဲကိုတောင်မှ အသိအမှတ်မပြုတဲ့ ဗိုလ်သန်းရွှေက အခုထပ်လုပ်ပေးမဲ့ရွေးကောက်ပွဲ ကိုအသိအမှတ်
ပြုပါမယ်ဆိုဒါက “ဖြစ်နိုင်ပါ့မလား?” ဆိုဒါကို ကျမ်းကိုင်ပြီးပြောရင်တောင်မှ “မယုံရေးချမယုံ”နိုင်ပါဘူးခင်ဗျား။
ဒါကလည်းအခုမှမဟုတ်ပါဘူး၊ ၁၉၆၂-ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်၊ ပြည်သူတွေကိုအာဏာပြန်အပ်ဖို့အ
တွက် ၁၂နှစ်ကြာ ၁၉၇၄ ခုနှစ်ကျမှ တွေ့တယ်၊ဒါကြောင့်၁၉၇၄ မှာအခြေခံဖွဲ့စည်းပုံဥပဒေအရ တော်လှန်ရေး
ကောင်စီဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမတကြီးဦးနေဝင်းကို မှန်ထောင်ကြည့်ပြီးတော့ ရာခိုင်
နုန်းပြည့်ယုံကြည်စိတ်ချစွာ အာဏာကိုလွှဲ ပြောင်းပေးအပ်ခဲ့တဲ့ အစဉ်အလာအရလည်း ကောင်း၊ဒါမှမဟုတ်
“အဖေကြီး”ရဲ့လမ်းစဉ်အရ နအဖဥက္ကဌ ဗိုလ်သန်းရွှေကနေပြီးတော့ နိုင်ငံတော်သမတဦးသန်းရွှေကိုအာဏာ
အပ်ဖို့သူတို့ရဲ့လမ်းပြမြေပုံကို ကုလသမဂ္ဂအထွထွေအတွင်းရေးမှူးချုပ် အတန်တန်တောင်းပန်ပြောဆိုတဲ့ အား
လုံးပါဝင်တဲ့ ဖွဲ့စည်းပုံကိုရေးဆွဲပါ ဆိုတာတောင်မှ လုံးဝလုံးဝ လက်မခံနိုင်ကြောင်းကိုလည်း ဂမ်ဘာရီကို နအဖ
ကပြတ်ပြတ်သားသားငြင်းဆိုလိုက်ပြီးပါပြီ။ဒီ့အပြင် စက်တင်ဘာသံဃာတော်များနဲ့ ကျောင်းသားပြည်သူတို့ရဲ့
ငြိမ်းချမ်းစွာ မေတ္တာပို့ဆန္ဒပြချီတက် လမ်းလျှောက်ပွဲကို စစ်တပ်ကအကြမ်းဘက်ပစ်ခတ်ချေမှုန်းပြီးစက ဒီမိုကရေ
စီကိုလိုလားသည့်ကမ္ဘာ့ပြည်သူလူထုကြီးအပါအဝင်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံတွင်အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက်အားလုံးပူးပေါင်းဖြေရှင်းရေး၊ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ့ပြီးဆွေးနွေး
ရေးစသည်တို့ကို တောင်းဆိုခဲ့မှုကို နအဖမှ ကြောက်ချင်ယောင်၊ဒုထ္တာယောင် ဆောင်၍ခေတ္တခဏမျှလိုက်လျော
ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆက်ဆံရေးဝန်ကြီးတဦးကိုလည်း ခန့်အပ်ခဲ့ပြီး ၄ကြိမ်လောက်ခပ်
တည်တည်ဆွေးနွေးပြခဲ့ပြီး ယခုဂမ်ဘာရီ ရဲ့ မတ်လနောက်ဆုံးခရီးစဉ်မှာပြောလိုက်ပါပြီ၊ခင်ဗျားတို့ ကုလသမဂ္ဂ
ကဘာပြောပြော ကျုပ်တို့နားမထောင်နိုင်ဘူး၊ ကျုပ်တို့ရဲ့လမ်းပြမြေပုံ အတိုင်းဘဲဆက်လုပ်မယ်၊ ဒါကြောင့်နအဖ
ကတော့စကားကုန်ပြောလိုက်ပါပြီ၊ အဲဒီတော့ကျနော်က ကုလသမဂ္ဂအပါအဝင်၊ကမ္ဘာ့နိုင်ငံအသီးသီးကိုတော့မေး
ချင်ပါတယ်၊ “ကိုင်းဘာလုပ်ကြဦးမလဲလို့”
အဲဒီတော့ တာတေက သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့မကြာသေးခင်ကပြောခဲ့တဲ့စကားတချို့ကို
ညွှန်းချင်ပါတယ်၊ “ကုလသမဂ္ဂကကယ်တင်လို့လွတ်မြောက်သွားကြတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာတနိုင်ငံမှမရှိ
ခဲ့ဖူးပါဘူး။ အဲဒါကြောင့် ဒိုင်ယာလော့ခ်တို့၊ လုံခြုံရေးကောင်စီ ဆိုဒါတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေဖြုန်းမနေ
ကြပါနဲ့။ တိုင်းပြည်ကလည်းနာလှပါပြီ။ ပြည်သူတွေလည်းဒုက္ခရောက်လှပါပြီ။ ”ဒုက္ခရောက်ဒါမှ တာတေ တို့ပြည်
သူတွေရဲ့အဆင့်က “ငရ်ဲကြီးရှစ်ထပ်”ရဲ့ အောက်ဆုံး အဆင့်ရဲ့အောက်မှာရောက်နေပါပြီ၊ဒီထက်လည်းအောက်
ကျစရာအကြောင်းမရှိတော့ပါဘူး၊ ဒါကြောင့်လည်းတာတေတို့ နိုင်ငံမှာ “သေမထူး-ဝါဒ”ထွန်းကားနေလာဒါမထူး
ဆန်းပေမဲ့စိတ်တော့မကောင်းစရာပါ။ ဟိုတလော တပေါင်းလပြည့်နေညက ရွှေတိဂုဏ်စေတီတော်ကြီးပေါ်မှာ
ကိုယ့်ဘာသာကိုယ်မီးရှို့ပြီးဆန္ဒပြသွားဒါက အထင်အရှားပြသနေပါပြီ၊ ဒီ့အပြင်တာတတေတို့ရဲ့နိုင်ငံကလည်း
အာရှတိုက်မှာရော၊ကမ္ဘာ့အနှံပပြားမှာတော့ “ကျွန်”ဈေးကွက်ကြီးဖြစ်နေဒါလည်းငြင်းမရပါဘူးခင်ဗျာ၊တချိန်က
ရွှေနိုင်ငံကြီးဖြစ်ခဲ့တဲ့ ကိုရွှေဗမာတွေကတော့ အခုတော့ မလေးကျွန်၊ ယိုဒယားကျွန်၊ စင်ကာပူကျွန်၊ဂျပန်ကျွန်၊
ဒူဘိုင်းကျွန်၊ ဆော်ဒီကျွန်စသည်စသည်ဖြင့် international slave အပြည်ပြည်ဆိုင်ရာကျွန်ဈေးကွက်ကြီးဖြစ်
နေပါပြီ၊ ဒီကြားထဲ မိမိနဲ့တကွမိသာစု အသက်ရှင်ရပ်တည်နိုင်ရေး အတွက်အိမ်နီးချင်းနိုင်ငံများကို တရားမဝင်
သွားရောက်လုပ်ကိုင်နေရသူများ တနည်းဆိုရရင်တော့ ကျွန်လိုင်စင်မရှိသူများဆိုရင်လည်း အဲဒီနိုင်ငံတွေက
အာဏာပိုင်တွေရော၊ အလုပ်ရှင်တွေရော မတရားဖမ်းဆီးရိုက်နှက်ခြင်းခံရတဲ့အပြင်၊ ကြိမ်ဒဏ်အပြစ်ပေးခြင်းကို
လည်းခံကြရပါတယ်၊ ဒီ့အပြင်ပိုသေးဆိုသလိုအလုပ်ရှင်တွေရဲ့ လူမဆန်စွာဆက်ဆံမှု၊မတရားစော်ကားခံရတဲ့
တာတေတို့ရဲ့ မြန်မာမိန်းခလေးများရဲ့ ဇတ်လမ်းတွေကလည်းပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုပါဘဲ။
အဲဒါတွေအတွက်ကရော သက်ဆိုင်ရာနိုင်ငံအသီးသီးက နအဖသံရုံးတွေကရောဘာတွေလုပ်ပေးခဲ့သလဲလို့?
ဘာဆိုဘာမှမလုပ်ပေးခဲ့ဒါကလည်း အထွေအထူးပြောစရာမလိုဘူးထင်တယ်ခင်ဗျာ့၊ သံရုံးတွေလုပ်ပေးဒါက
တော့ ဗိုလ်ချုပ်မိန်းမကြီး -ငယ်တွေ၊သားသမီးတွေ shopping လာရင် လိုက်ပြီး မျက်နှာလိုမျက်နှာရအလုပ်ဘဲ
လုပ်ပေးရဒါဘဲရှိတယ်၊ ကိုင်း ပရိသတ်ကြီးတို့ရေ- ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ အဖြစ်က ဘယ်လောက်
ရင်နာရသလဲဆိုဒါစဉ်းစားကြည့်ကြပါဗျာ၊ အခုတော့ရင်နာရုံတင်မကဘူး ရင်ရော၊ဖင်ရော၊တင်ရော တကိုယ်လုံး
နာနေရတဲ့ကိန်းဆိုက်နေပါပြီ ခင်ဗျား။
ကိုင်းအဲဒီတော့ဘယ်လိုလုပ်ကြမလဲဗျာ၊ ဒီလိုဘဲကြည့်နေရုံနဲ့ပြီးသွားမှာလား???
ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ပန်ကြားချက်မှာက…………….
“ဒီအာဏာရှင်စနစ်ဆိုးကြီး အောက်မှာ ရာစုနှစ်ဝက်နီးပါးရှိခဲ့ပြီ။ အမြန်ဆုံးဒါတွေကိုအဆုံးသတ်သင့်ပြီ။ ဒီအာဏာ
ရှင်စနစ်ဆိုးကို Force out လုပ်နိုင်တဲ့ Force ကျနော်တို့ လက်ထဲမှာအသင့်ရှိနေပါတယ်။ အဲဒီForce ကပြည်သူ
ဆိုတဲ့ အင်အားပဲဖြစ်တယ်။ People Power ဆိုတဲ့ Force ထက်ကြီးမားတဲ့ Force ဘယ်မှာရှိမှာလဲ။ ပြီးခဲ့တဲ့ ..
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ဘာမထီ
တဲ့ သူရဲကောင်းစိတ်ဓါတ်ကိုပြခဲ့ပြီ။ ပြည်တွင်းမှာဖိနှိပ်မှုတွေ သိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ။ မထရဲ
တော့ဘူး၊မကြွရဲတော့ဘူး။ ဒိုင်ယာလောခ်နဲ့ အပေးအယူလုပ်ပြီး ပေးသမျှကို ယူကြစို့လို့ ကြွေးကြော်နေတဲ့
အာဏာရှင်ကိုမျက်နှာချိုသွေးပြီး ရာထူးရာခံတွေတောင်းခံချင်တဲ့ လူတွေရဲ့ အသံတွေ လုံးဝနုတ်ပိတ်သွားခဲ့ပြီ။”
“ရဲဘော်တို့ ဒီအချိန်ဟာ တော်လှန်ရေး တရပ်လုံး အလှည့်အပြောင်းဖြစ်နိုင်တဲ့ အချိန်ကာလဖြစ်တယ်။ဒီလိုဖြစ်
ဖို့ ရွှေဝါရောင်တော်လှန်ရေး ကဖန်တီးပေးလိုက်ဒါ ဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြီးမားတဲ့ အရှိန်အ
ဟုန်ဟာ ကမ္ဘာတခုလုံး ကိုဖုံးလွှမ်းဥွားခဲ့တယ်။ ဒီအခွင့်အရေးကို မိမိရရ အသုံးချရမှာ။ မြန်မာပြည်သူတွေရဲ့ သူရဲကောင်းစိတ်ဓါတ် ကိုယုံကြည်ကြ။ People Power နဲ့ အာဏာရှင်စနစ်ကို ချေမှုန်း ပစ်ကြ။”
အဲဒီဆရာကြီး ဦးစိန်ဝင်း ရဲ့ ပန်ကြားချက်ကို တာတေ ကထပ်ဆင့်ထောက်ခံပြီးတော့ ရှင်းလိုပါသေးတယ်ဗျာ၊
တာတေတို့ တိုင်းပြည်မှာ ကမ္ဘာကအံ့သြ စံထားရတဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ အံ့မခန်း
ရဲရဲတောက်သတ္တိကို ၁၉၈၈ ခုနှစ်မှာတကြိမ်၊ ယခု၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး မှာတကြိမ်
ကမ္ဘာကိုတုန်လှုပ်သွားအောင်ပြခဲ့ပြီးပါပြီ။ နောက်မျိုးဆက်လူငယ်တွေ သိကြဖို့အတွက် ၁၉၈၈ အရေးတော်ပုံကြီး
ကိုသုံးသပ်တင်ပြပါရစေ။
၁၉၈၈ခုနှစ်ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံကြီး၊ ၁၉၉၀ခုနှစ်လွတ်လပ်ပြီးသန့်ရှင်းမျှတဲ့၊ ယနေ့တိုင်စစ်အာဏာ
ရှင်တို့ကအတည်မပြုရဲသေးတဲ့ ရွေးကောက်ပွဲကြီး ၊ ၂၀၀ရ ခုနှစ်ရဲ့ဘာမထီရဲရဲတောက် ငြိမ်းချမ်းစွာ မေတ္တာပို့ဆု
တောင်းတဲ့လမ်းလျှောက်ပွဲကြီး တို့က တသီးတခြားဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ စစ်အာဏာရှင်တို့ရဲ့ဖိနှိပ်ညှင်းပမ်း
မှုတို့ကို ပြည်သူတို့ ကရဲရဲဝံ့ဝံ့ အံတုခဲ့ကြတဲ့ဒီမိုကရေစီတောင်းဆိုမှုတို့ရဲ့ တိုက်ပွဲ ကွင်းဆက်များဖြစ်ကြပါတယ်။
တာတေတို့ တိုင်းပြည်ဒီမိုကရေစီ မရမချင်း ဒီထက်ဒီထက် ပိုမိုကြီးမားတဲ့ တိုက်ပွဲ များလည်းမုချမသွေ ဆင်နွှဲပြီး
တိုက်ပွဲဝင်ကြမယ်ဆိုဒါလည်း မမှိတ်မသုန် ယုံကြည်ပါတယ်ခင်ဗျား။ သတင်းစာဆရာကြီးဦးစိန်ဝင်းပြောသလိုပါ
ဘဲ တာတေတို့ပြည်သူရဲ့ အားထက်ကြီးတဲ့အား ဘယ်မှာရှိမလဲခင်ဗျား။ ၁၉၈၈ ရှစ်လေးလုံးကာလက ပြည်သူ
လူထုကြီးရဲ့ ညီညွတ်မှုကတော့ တကယ့်ကိုအံ့မခန်းလောက်တဲ့ညီညွတ်မှုကြီးပါ။ မြန်မာတနိုင်ငံလုံးမှာရှိကြတဲ့
နို့စိုအရွယ်ခလေးက အစပြုလို့ သက်ကြားရွယ်အို အဘိုး၊အဖွားများအထိပေါ့ခင်ဗျာ။ တနိုင်ငံလုံး တောရောမြို့
ပါမကျန် တနည်းပြောရရင်တော့ “လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန်” သပိတ်စခန်းတွေ နဲ့ “မဆလ အ
လိုမရှိ” “ဒီမိုကရေစီရရှိရေး -ဒို့အရေး” “နေဝင်းစစ်အစိုးရ -အလိုမရှိ” ဆိုတဲ့အသံတွေ ဟာ ဘယ်သူဘယ်ဝါ
တဦးတယောက်က မှစည်းရုံး စရာမလိုဘဲ မြန်မာနိုင်ငံ ရဲ့ တနံတလျား ပဲတင့် ရိုက်ခတ်ခဲ့ဒါ အားလုံးအသိပါပဲ။
မြန်မာနိုင်ငံအတွင်း ရှိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ထားဝယ်၊ စစ်တွေစတဲ့မြို့ကြီးများအပြင်၊ပြည်
ပဲခူး၊ ပခုက္ကူ၊ စစ်ကိုင်း၊မုံရွာ၊ လားရှိုး၊ သီပေါ၊ စတဲ့မြို့တွေအပြင်၊ မြို့ငယ်၊ မြို့သေး ရွာကြီး၊ရွာငယ်များမကျန်၊
မြန်မာနိုင်ငံ ရဲ့ မြောက်ဖျား ရှိ နောင်မွန်းမြို့မှစလို့ တောင်ဘက်စွန်းမြို့ဖြစ်တဲ့ ကော့သောင်မြို့အဆုံး၊ အရှေ့
ဘက်တာချီလိတ်မြို့ မှစလို့ အနာက်ဘက်ရခိုင်ပြည်နယ်အဆုံး၊ အထိ လူမျိုး၊ ဘာသာမခွဲခြားဘဲ စစ်အုပ်ရဲ့ဖိနှိပ်
မှုများကို ဆန့်ကျင့်ကြွေးကြော်လျက်၊ နေ့စဉ်ချီတက်နေတဲ့ လူထုကြီးကတော့ ပင်လယ်လှိုင်းလုံးကြီးများပမာ
လူ့လှိုင်းကြီးများကိုတွေ့နေရလိုပါဘဲ။ မျက်စိတဆုံးမက အဆုံးအစမရှိတွေ့ မြင်နေရတဲ့ လူထုကြီးရဲ့ ညီညွတ်မှု
ကတော့ ကြက်သီးမွှေးညှင်း ထလောက်အောင် တသားထဲဖြစ်နေပြီး၊ တကယ့်ကိုခိုင်မာကျစ်လစ်တဲ့၊ညီညွတ်မှု
စုစည်းမှုကို တွေ့မြင်ခံစားနေရပါတယ်၊ အဲဒါတွေကတော့ တကယ့်ကိုပြည်သူလူထုကြီးရဲ့ အားPeople Power
ပါပဲ။ အဲဒီတုံးက ရဟန်းသံဃာတော်တွေကလည်း တပ်ဦးကနေ မားမားရပ်တည်ပါဝင်ခဲ့ လိုပဲ ကျောင်းများရဲ့
သမဂ္ဂ အဖွဲ့အစည်းများ ကလည်းရှေ့တန်းကခွပ်ဒေါင်းအလံ မြင့်မြင့်မားမား လွှင့်ပြီးပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင်
လူထုလူတန်းစားအသီးက ဆရာဝန်များ၊သူနာပြုများ အနုပညာရှင်များ ၊ရှေ့နေများ၊ နောက်ပိုင်း ပြည်သူ့ရဲတပ်ဖွဲ့
ဝင်များ၊ လေတပ်မတော်မှ အရာရှိ အရာခံ စစ်သည်တော်များ၊ ယုတ်စွအဆုံး အလှဖန်တီးရှင်များပါမကျန် ပူး
ပေါင်းပါဝင်ဆန္ဒ ပြခဲ့ကြသလို၊ ခါးတစ်ခွင်ပေါ်မှ ခလေးများမကျန် ပြည်လုံးကျွတ် ပြည်သူတို့ရဲ့ တကယ်ဆန္ဒအစစ်
အမှန်ဖြစ်တဲ့ “စစ်အာဏာရှင်အလိုမရှိ- ဒီမိုကရေစီရရှိရေး ဒို့အရေး” အတွက်ညီညီ ညွတ်ညွတ်တိုက်ပွဲကြီးကို
ကြောက်လန့်ပြီး ဗိုလ်နေဝင်းအပါအဝင် သမတ သုံးယောက် ဆင်းပြေးခဲ့ ရဒါလည်း ပြည်သူ့အား People Force
ကြောင့်ဖြစ်တယ်။
အဲဒါကလည်း တနိုင်ငံလုံး ပြည်သူတို့ရဲ ညီညွတ်တဲ့အားကြောင့် စစ်အာဏာရှင်တို့ဘက်က ဘယ်လိုလုပ်
ပြီးထိန်းချုပ်နိုင်ပါ့မလဲဗျာ။ သင်္ချာ သဘောအရတွက်ပြပါရစေ။ အခု နအဖရဲ့အင်အားက ၄ သိန်းနီးပါးရှိတယ်ထား
အုံး၊ တကယ်တန်းရှိဒါကတော့ စားဝါးနေလို့ရတဲ့ တိုင်းမှူးတွေ အပါအဝင် နအဖ အဖွဲ့ဝင်ဗိုလ်ချုပ်တွေဆိုဒါ ဆယ်
ဂဏန်းပါ၊ သူတို့နဲ့ အမြီးစားဘက် ခေါင်းစားဘက်တွေပါတွက်လိုက်ပါအုံး ၁၀၀၀ ထက်မပိုပါဘူး၊ တာတေတို့
ပြည်သူတွေမှာက သန်းငါးဆယ်ကျော်ရှိပါတယ်။ အချိုးချကြည့် မယ်ဆိုရင် ၁: ၅၀၀၀၀ ပါ ၊ နအဖဘက်က လူတ
ယောက်ကို ပြည်သူအယောက် ငါးသောင်းက ဝိုင်းရံထားနိုင်ပါတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီး ကာလကလို
နိုင်ငံအနှံ အပြားတောရော မြို့ပါ စစ်အာဏာရှင်တို့ကိုဆန့်ကျင့်ဆန္ဒပြ ကြမယ်ဆိုရင် လက်တဆုတ်စာ စစ်အာ
ဏာရှင်တို့ ဘယ်နည်းနဲ့မှ အကြမ်းဘက်နှိမ်နင်း နိုင်စွမ်း လုံးဝ စွမ်းဆောင်နိုင်မည် မဟုတ်ပါခင်ဗျား။ သေချာပါ
တယ်ခင်ဗျား လို့ထပ်လောင်း ပြောပါရစေ ခင်ဗျား။ တာတေပြာနေဒါက ၈၈၈၈ ကိုလွမ်းလို့၊အောက်မေ့လို့ပြော
နေခြင်းမဟုတ်ပါ။ ၈၈၈၈ ရဲ့ဖြစ်ရပ်တွေကတာတေ တို့ တွေ့ကြုံခဲ့ရတဲ့ လူတွေက အစဉ်အမြဲသတိရနေသလိုဘဲ
တရေးနိုးထပြောခိုင်းရင်တောင်မှ အသေးစိတ်ပြောနိုင် ကြတဲ့ပုဂ္ဂိုလ် ဖြစ်ကြမယ်ဆိုဒါ ကတော့အသေအချာပြော
နိုင်ပါတယ်ခင်ဗျား။ ဒါကြောင့်လည်း ၈၈၈၈ ရဲ့ ပြည်သူတို့ရဲ့ ညီညွတ်တဲ့စိတ်ဓါတ် ကိုယုံတယ်။ အခုလည်းပဲယုံ
တယ်။ ၈၈၈၈ရဲ့ စစ်အာဏာရှင် ဆန့်ကျင့်ရေး က ၁၉၈၈ ခုနှစ်တင် အဆုံးသတ်သွားဒါမဟုတ်ပါဘူး၊ ၁၉၉၀ခုနှစ်
ရွေးကောက်ပွဲ ကြီးတုံး ကလည်း စစ်အာဏာရှင်တို့ ရဲ့ပါတီ ဖြစ်တဲ့ တ၊စ၊ည ပါတီကို အလဲထိုးလိုက်ပြီး ၊ဘယ်သူ
တဦးတယောက်ကမျှ စည်းရုံးစရာမလိုဘဲနှင့် ပြည်သူလူထု ကြီးတရပ်လုံးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တကွ ဒီမိုကရေစီပါတီ များကို၎င်း တို့ရဲ့ အသဲကြားက
မဲတွေကိုပုံအော ပြီးပေးခဲ့ ကြဒါကလည်း စစ်အာဏာရှင် ကိုအလိုမရှိ တော့ကြောင်းဆက် လက်သက်သေပြလိုက်
ခြင်းတရပ်ဖြစ်တယ်။ ဒါကြောင့်လည်း စစ်အာဏာရှင်ဗိုလ်ချုပ် တစု က အကြောက်တရား ကြီးမားစွာ နဲ့ဘဲ ၁၉၉၀
ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ယနေ့ ၁၈နှစ် ကြာသည့်တိုင် အောင် ရူးချင်ယောင်ဆောင် ပြီးမျက်ကွယ် ပြုထား
သည့်အပြင် ဘယ်ပြည်သူတဦး တယောက်ကမှ အသိအမှတ်မပြု သည့် “လမ်းပြမြေပုံ” ဆိုပြီး ခပ်တည်တည်
ထုတ်ပြန်ပြီး ကမ္ဘာ့ပြည်သူတွေရော မြန်မာ့ပြည်သူတွေပါ ကလိန်ကကျစ် လုပ်နေဒါလည်း ကမ္ဘာသိ မြန်မာသိပါ
ခင်ဗျား။ ဘယ်စစ်ဗိုလ် တကောင်တမြီးကမှ ၁၉၉၀ ရွေးကောက်ပွဲ ကို လုံးဝ လုံးဝ မဟရဲကြ ဒါကလည်း ပြည်သူ့
ဆန္ဒအစစ်အမှန် ကိုရင်မဆိုင်ရဲကြလို့ပါဗျာ။ အခုလည်း စစ်အာဏာရှင်တို့ ရဲ့ဘာမှန်းမသိ ရတဲ့ ဖွဲ့စည်းပုံအခြေ
ခံဥပဒေ ကို တတိုင်းပြည်လုံး ထောက်ခံခိုင်းနေ ပြန်ပေါ့၊ ကြားနေရဒါကတော့ နအဖစစ်ဗိုလ်တွေ ကလွဲလို့ ကျန်
ပြည်သူလူထု တရပ်လုံးအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းအားလုံး၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားစုကြီးတ
ရပ်လုံးက ဝိုင်းကန့်ကွက် နေကြဒါလည်းအားလုံး အသိပါဘဲ။ တချို့ မြို့နယ်တွေအတွင်း မှာဆိုရင် ကြားနေရဒါ
ကတော့ မှုတ်ဆေးတွေ နဲ့ “ကန့်ကွက်ကြ” “NO” ဆိုဒါတွေနဲ့ ရေးပြီး ကန့်ကွက်နေကြသလို NLD ရဲ့ကြေငြာ
ချက်ဖြစ်တဲ့ “မေလ ပြည်သူ့ဆန္ဒခံယူ ပွဲမှာ ကန့်ကွက်ကြ” ဆိုတဲ့အတိုင်း လူငယ်လူကြီး မကျန် လိုက်လံပြီး ရဲရဲ
ဝံ့ဝံ့စည်းရုံးဆောင်ရွက် နေဒါကိုလည်း ကြက်သီးထမခန်း ကြားနေရဒါတွေ က ပြည်သူလူထုရဲ့ အားFORCE တွေ
ပေါ့ခင်ဗျာ။ အခုလည်း နအဖ ကကြေငြာထားဒါဘဲ ခင်ဗျာ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဆန္ဒခံယူပွဲ ကိုနှောက်ယှက်
တဲ့ သူများကို ထောင်ဒဏ်သုံးနှစ်နဲ့ ဒဏ်ငွေ၁၀၀၀ကျပ်ပြစ်ဒဏ်ချမှတ်မယ်ဆိုဒါ ကလည်း ပြည်သူကို ခြိမ်းခြောက်
ထားဒါပါ ၊သူ့ရဲ့ ဥပဒေ အတိုင်းလုပ်မယ်ဆိုရင် NLD အလုပ်အမှုဆောင်တဖွဲ့ လုံးကို အရေးယူလိုက်ပေါ့၊တကယ်
တမ်းကျတော့လည်း မလုပ်ရဲပါဘူးခင်ဗျာ။ နောက်တချက်ကလည်း အခုကျင်းပမဲ့ ဆန္ဒ ခံယူပွဲ ကလည်း ပြောရရင်
တော့ သူတို့ရဲ့ လမ်းပြမြေပုံ မှာအချိန် ဇယားရှိ ပါတယ်ဆိုဒါကို ပြရုံ သက်သက်ဘဲဖြစ်ပါလိမ့်မယ်။နအဖကလည်း
ဆန္ဒခံယူပွဲ ကိုသူ့ဘက်ကတော့ အပိုင်တွက်ပြီး သားဖြစ်ပါလိမ့်မယ်၊ “ရှုံးရင်လည်း နိုင်မယ်၊ နိုင်ရင်လည်းနိုင်မယ်”
ဆိုတဲ့မူ နဲ့ ဒါကြောင့် ဆန္ဒခံယူပွဲ ကဘယ်ဆီမှန်း မသိသေးပေမဲ့ ရွေးကောက်ပွဲကတော့ ၂၀၁၀ ခုနှစ် မှာလုပ်မယ်
ဆိုဒါကို အပိုင်ကြေငြာပြီးသားပါ။
အခုအဖွဲ့အစည်းတွေအားလုံးက ကန့်ကွက်မဲ ထဲ့ကြဆိုဒါကို တော့ နအဖကို ဆန့်ကျင့်တဲ့ကိစ္စကကောင်း
ပါတယ်၊ ဆန့်ကျင့်ရမယ့် အဓိကရည်မှန်းချက် က စစ်အာဏာရှင်ဆန့်ကျင့်ရေး၊ နဲ့ ဒီမိုကရေစီရရှိရေး ကိုတနိုင်ငံ
လုံး၊ “လှည်း နေလှေအောင်း၊ မြင်းဇောင်းမကျန်” တညီတညွတ်တည်း တောင်းဆို တိုက်ပွဲ ဝင်ကြရမယ့် အချိန်အ
ခါဖြစ်ပါတယ်၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ “ဖောင်ဖျက်ပြီး တိုက်ရမယ့် နောင်ရိုးတိုက်ပွဲ”ပါ။ ဒီတချီစစ်
အာဏာရှင်တို့ နိုင်သွားပြန်ရင်လည်း တာတေတို့ သားစဉ် မြေးဆက်၊မက တီ၊ကျွတ် တွေအထိစစ်ကျွန်တွေအ
ဖြစ် စစ်ဖိနပ်အောက် မှာ ပြားပြားဝပ် ရာစုနှစ် များစွာနေပေရော့ပေါဗျာ။ အကယ်၍ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ မှာသူ
တို့ မနိုင်ခဲ့ပြန်ရင် လည်း အခုအချိန်အထိ ဘာလုပ်ပါမယ်လို့ နအဖ ကမပြောသေးပါဘူး။ ဖြစ်နိုင်ဒါကတော့မှန်း
ဆကြည့်ရဒါ “ကိုင်းဒါဆိုရင် နောက် ထပ်ဖွဲ့ စည်းပုံထပ်ဆွဲမယ်၊ အဲဒါအတွက်နောက်ထပ် ငါတို့၁၅နှစ်၊နှစ်၂၀
ဆက်ပြီးတော့ အုပ်ချုပ်မယ်၊ ဖွဲ့စည်းပုံမရှိသေးဘဲနဲ့ နောက်အစိုးရကို အာဏာ မလွှဲနိုင်ဘူး”။
ဒါကြောင့်မို့ အခု မေလ မှာ နွဲမယ့်ပွဲ က နောက်ဆုံးတိုက်ပွဲပါ (သရေမရှိတဲ့ပွဲ) ဒါကြောင့်မို့ တာတေတို့
ပြည်သူလူထု ကြီးတရပ်လုံး ကညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ စုစည်းညီညွတ်တဲ့အားUnited Force နဲ့
စစ်အာဏာရှင် ကို ကန့်ကွက် ဖြိုချရမဲ့ တိုက်ပွဲ ကြီးဖြစ်တယ်ဆိုတာ ကို လေးလေးနက်နက် နှလုံးသွင်းစေချင်ပါ
တယ်ခင်ဗျား။ မနေနိုင်လွန်းလို့ တခုလောက်တော့ ပြောပါရစေ၊ တချိန်က တနည်းပြောရရင် စစ်အာဏာမသိမ်း
ခင်က တာတေတို့ နိုင်ငံက အာရှမှာရော၊ ကမ္ဘာပေါ်မှာရော၊ သဘာဝအရင်းအမြစ် တွေဖြစ်တဲ့ သယံဇာတပေါ
ကြွယ်ပြီး ပညာရေးမှာလည်း ကမ္ဘာကလေးစားလောက်ရတဲ့ ပညာတတ် တွေနဲ့ ထင်ရှားကျော်ကြား တဲ့ ရွှေနိုင်ငံ
ကြီးအဖြစ်ရပ်တည်ခဲ့ ဖူးပါတယ်၊ အခုတော့…….. ရွှေနိုင်ငံတော်ကြီး တခုလုံးက စစ်အာဏာရှင် တို့ရဲ့ အတ္တအ
မှောင်ကြီးကြောင့် လည်းတနိုင်ငံ လုံးပိန်းပိန်းသား မှောင်နေပြီး အိမ်နီးချင်းနိုင်ငံ တွေကတော့ လင်းလက်နေပြီး
ဆက်သွယ်ရေး ဂြိုလ်တု တွေတလုံးပြီး တလုံးအာကာသထဲ ပစ်လွှတ်နေ ချိန်မှာ တာတေတို့ နိုင်ငံသားတွေက
တော့ ဘတ်(စ) ကားတမှတ် တိုင်၊နှစ်မှတ်တိုင်လောက် စီးနိုင် ဖို့အရေး ကတော်တော်လေး လုံးပမ်းနေရပါတယ်
အိမ်နီးချင်းနိုင်ငံ တွေမှာ နောက်ဆုံး ပေါ်ကားတွေနဲ့ တဝီးဝီး သွားနေချိန်မှာ ဘိုးတော်ဘုရား လက်ထက်ကBus
ကားတွေ ခနော်ခနဲ့ နဲ့သွားနေရတယ်ခင်ဗျာ၊ သူများနိုင်ငံ တွေမှာ ခေတ်မှီ တဲ့ internet,website တွေနဲ့ပညာ
တွေသင်နေတဲ့ အချိန်မှာ တာတေတို့ ရဲ့ အနာဂတ်မျိုးဆက် ခလေးတွေ၇၀%ကတော့ မူလတန်းကျောင်းတောင်
မှမတက်နိုင်ပဲ ပလပ်စတစ်ကောက်၊ စားပွဲထိုးလုပ်၊ နဲ့ မိမိရဲ့ အသက်ရှင်နေ ထိုင်ရေး ကိုလုံးပမ်းနေရဒါကိုလည်း
နာကျဉ်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ သူများနိုင်ငံတွေမှာ အလျှံပယ်စားသောက်နေချိန်မှာ တာတေတို့လူမျိုး
တွေ ထမင်းရည်တောင်မှ ခွဲတမ်းနဲ့သောက်နေကြရတယ်။ သူများနိုင်ငံတွေမှာ နောက်ဆုံးပေါ်ဖက်ရှင် ဒီဇိုင်းအ
မျိုးမျိုးနဲ့ ဝတ်ကောင်းစားလှ ဝတ်နေချိန်မှာ တာတေတို့ပြည်သူတွေမှာ “ဖာတရာအဝတ်နဲ့ ”အရှက်လုံလောက်
ရုံပဲဝတ်နိုင်ကြတယ်၊ သူများနိုင်ငံတွေမှာ မိုးမျှော်တိုက်ကြီးတွေနဲ့ ခေတ်မှီ အဆောက်အဦးတွေနဲ့ နေထိုင်ကြတဲ့
အချိန်မှာ တာတေတို့ ပြည်သူတွေ ခုနှစ်ချောင်းမပြည့်တဲ့ကြမ်းနဲ့ ကြယ်မြင်၊လမြင် မကစကြာဝဠာ ကိုပါဒိုးယို
ပေါက်မြင်နိုင် တဲ့အမိုးအကာ နဲ့ နေကြရတာတွေကို အလွန်ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်၊ ဗိုလ်ချုပ်တွေ ကိုမေးချင်ဒါက “ဒါလားကွ မင်းတို့ပြောတဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆိုတာ”။
တာတေတို့ တိုင်းပြည် မှာအခုရော သဘာဝအရင်းအမြစ် နဲ့လူသား အရင်းအမြစ်တွေရော “ကုန်သွား”ပြီ
လားဆို သိကြတဲ့အတိုင်းပါဘဲ ဓာတ်ငွေ့တွေ၊ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေလည်း တွေလည်းအပုံကြီးရှိသေး
တယ်ဗျာ။ ဒါပေမဲ့ ထွက်သမျှသယံဇာတ တွေရောင်းလို့ရတဲ့ငွေ တွေကတော့ “တပ်မတော်”လို့ အမည်ခံဗန်းပြ
ထားတဲ့စစ်အာဏာရှင် ဗိုလ်သန်းရွှေ နဲ့ လက်တဆုတ်စာ စစ်ဗိုလ် တစုကလက်ဝါးကြီးအုပ် စားဝါးနေကြဒါလည်း
အားလုံးအသိအမြင်ပါဘဲ။ ဒါကြောင့်မို့ ယခုအချိန်အခါ မှာ စစ်ကျွန် တွေရာသက်ပန် မဖြစ်ရေး အတွက် လည်း
ကောင်း၊ ကမ္ဘာ့ပြည်သူလူထုကြီး ကဲ့သို့ လူလိုစား၊ဝတ်၊နေထိုင်နိုင်ပြီး၊ လူ့အတွေး၊ လူ့အရေး ကို လွတ်လပ်စွာ
ရေးသား ၊ပြောဆိုနိုင်ရေး အတွက် သန်းငါးဆယ်ကျော် ရဟန်းရှင်လူ ပြည်သူလူထုကြီး တရပ်လုံးက …………….
စစ်ကျွန်မခံ- ဒို့အားမာန် နဲ့ဆိုသလိုပဲ ညီညီညွတ်ညွတ် နဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး အတွက် ဆောင်ရွက်ရန်
မှတပါးအခြားမရှိ ဆိုတာကို တင်ပြလိုက်ရပါသည်ခင်ဗျား။
စစ်အာဏာရှင် -ကျဆုံးရေး ဒို့အရေး
ဒီမိုကရေစီရရှိ ရေး ……………ဒို့အရေး
တာတေ။