Thursday, October 11, 2007

ယဉ်ကျေးမှုများဆိတ်သုဉ်းလာခြင်း

  • ၁၉၆၀ ပထစ

ကြက်ဆီပြန်က တခွက်

ဝက်သားနီလံက တပွဲ

ငါးခြောက်က တပုဂံ

ဟင်းရံကတပွဲ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာက တပွဲ

ဒို့အိမ်က ထမင်းပွဲ။

  • ၁၉၇၀ မဆလ

ငါးခြောက်က တပုဂံ

ဟင်းရံက တပွဲ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာက တပွဲ

ဒို့အိမ်ကထမင်းပွဲ။

  • ၁၉၈၀ မဆလ

ငါးခြောက်က တပုဂံ

ချဉ်ပေါင်ကျော် ငပိနဲ့

တို့စရာ ကတပွဲ

ဒို့အိမ်က ထမင်းပွဲ။

  • ၁၉၉၀ န၀တ

ချဉ်ပေါင်ကျော် ငပိနဲ့

ဒို့အိမ်က ထမင်းပွဲ။

  • ၂၀၀၀ နအဖ

တို့စရာ ငပိနဲ့

ဒို့အိမ်က ထမင်းပွဲ။

  • ၂၀၀၇ နအဖ

ထမင်းရည် သောက်တဲ့ပွဲ

ခွဲတမ်းနဲ့ ဆင်နွှဲ

ဒို့အိမ်က ထမင်းပွဲ။

2 ယောက် အကြံပြုသွားတယ်:

Penguinlay said...

ဦးချိန်ရေ... ကဗျာလေးက သိပ်မှန်တာပဲ။

Penguinlay said...

ဦးချိန်ရေ... ကဗျာလေးက သိပ်မှန်တာပဲ။