Friday, October 12, 2007

ဓမ္မတို့ရဲ့တိုက်ပွဲကြီး

အခုတော့ ဓမ္မ၀ါဒီတို့ရဲ့

ရွှေဝါရောင်တော်လှန်ရေးလှိုင်းကြီး ရဲ့ လှိုင်းပုတ်သံကို ကမ္ဘာတုန်အောင်ကြားနေရပါပြီ။

ကမ္ဘာ့လူထုတရပ်လုံးက မိစ္ဆာ၀ါဒီ စစ်အာဏာရှင်တစုက

ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဗုဒ္ဓဘာသာရဟန်းသံဃာတော်များ၊

ကျောင်းသားလူငယ်များ၊ ပြည်သူများကို ရက်ရက်စက်စက် ရိုက်နှက်ညှင်းပမ်း၊ ပစ်ခတ်မှုများကို မျက်မျက်ဝါးဝါးထင်ထင် ၀မ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ကြသလို ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုများကို ဂရုမစိုက်ဘဲ မိမိတို့ရဲ့ တရားမျှတသော အခွင့်အရေးများအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသားတို့ရဲ့ အသက်ပေးစွန့်လွှတ်မှု၊ သတိပြောင်မြောက်စွာပေးဆပ်မှုတို့ကို မယုံကြည်နိုင်လောက်အောင်၊ ကမ္ဘာ့လူထုကြီးတရပ်လုံးက အံ့မခန်းတွေ့မြင်ခဲ့ရပြီး “ကမ္ဘာ့လူ့သမိုင်း” မှာ အကြီးကျယ်ဆုံး၊ အကြီးမားဆုံးသော စာနာမှုကြီးနဲ့အတူ World Action Day ကနေပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေသော ရဟန်းသံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများနဲ့တသားထဲ ညီညွတ်စွာရှိနေကြာင်းကို ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲများကို ကမ္ဘာ့ပြည်သူလူထုကြီးတရပ်လုံးက ညီညီညွတ်ညွတ် ထုတ်ဖေါ်သက်သေပြလိုက်ကြပြီ။

ဒါကြောင့် တာတေတို့ရဲ့ ရဟန်းသံဃာတော်များဦးဆောင်ပြီး ကျောင်းသား၊ ပြည်သူအပေါင်းတို့ တိုက်ပွဲဝင်နေတဲ့

“ဓမ္မတို့ရဲ့တိုက်ပွဲကြီး” အောင်ရမယ်လို့

မမှိတ်မသုန် မြဲမြဲခိုင်ခိုင် ယုံကြည်တယ်။

0 ယောက် အကြံပြုသွားတယ်: